Main menu

Background

ပြည်ခရိုင်၏ ထောပတ်ပဲ၊ ပဲနီပြား၊ ပဲပုပ်နှင့် ပဲလွမ်းဖြူဈေးကွက်

Tue, 06/03/2025 - 10:26 -- journal_editor

ပြည်ခရိုင်တွင် ပဲမျိုးစုံစိုက်ပျိုးလျက်ရှိရာ ထောပတ်ပဲ၊ ပဲနီပြား၊ ပဲပုပ်နှင့် ပဲလွမ်းဖြူ စသည့် ပဲများကို အများဆုံး စိုက်ပျိုးလျက်ရှိသည်။ ထောပတ်၊ ပဲနီပြားနှင့် ပဲလွမ်းဖြူကို ဆောင်းရာသီတွင် စိုက်ပျိုးကြပြီး ပဲပုပ်ကို မိုးနှင့် ဆောင်းရာသီတွင် စိုက်ပျိုးကြသည်။
ထောပတ်ပဲ ဈေးနှုန်းဈေးကွက်အနေဖြင့် ဧပြီနောက်ဆုံးပတ်တွင် ပိဿာ၂၀ တစ်အိတ်လျှင် ကျပ် ၉၀ဝ၀ဝ ရှိခဲ့ပြီး မေလ ကုန်အထိ ဈေးငြိမ်နေပြီး  ပန်းတောင်နှင့် ဒေသတွင်း  စိုက်ပျိုးသူများက ပွဲရုံများသို့ လာရောက်‌ရောင်းချကြသည်။ ဈေးနှုန်းမှာ ပုံမှန်ဖြစ်လျက်ရှိပြီး လက်လီသမားများသာ တစ်နေ့လျှင် အိတ် ၂၀-၃၀ ခန့်သာ အ‌ရောင်းအဝယ်ဖြစ်လျက်ရှိသည်။ 
ပဲနီပြားမှာ ဧပြီလနောက်ဆုံးပတ်တွင် ပိဿာ ၂၀ တစ်အိတ်လျှင် ကျပ် ၁၂၀ဝ၀ဝ ဖြင့် အ‌ရောင်း အဝယ်ဖြစ်ခဲ့ပြီး မေလကုန်တွင် တစ်အိတ်လျှင် ကျပ် ၁၅၀ဝ၀ဝ ဖြစ်၍ တစ်အိတ်လျှင် ကျပ် ၃၀ဝ၀ဝ ခန့် ဈေးမြင့်လာခဲ့သည်။ ပဲနီပြားကို ရန်ကုန်ဝယ်လက်နှင့် လက်လီသမားများ အဝယ်ရှိ၍ တစ်နေ့လျှင် အိတ် ၂၀ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ 
ပဲလွမ်းဖြူမှာ  ပိဿာ ၂၀ တစ်အိတ်လျှင် ကျပ် ၇၅၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး မေလကုန် တွင်  တစ်အိတ်လျှင် ကျပ် ၈၅၀ဝ၀ ဖြင့် တစ်အိတ်လျှင် ကျပ် ၁၀ဝ၀ဝ ခန့် ဈေးမြင့်လာခဲ့သည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် လက်လီ ပြန်လည်ရောင်းချသူများလည်းရှိသဖြင့် တစ်နေ့လျှင် အိတ် ၃၀ ခန့် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိသည်။ 
ပဲပုပ်မှာ ပြည်ခရိုင်တွင် အနည်းငယ်စိုက်ပျိုးပြီး မင်းလှဘက်မှ ဝင်‌ရောက်မှုရှိသည်။ ပဲပုပ်သီးနှံမှာ အရောင်းအဝယ်  အနည်းငယ်သာရှိပြီး ယခင်ဧပြီလဈေးနှုန်းအတိုင်း ပိဿာ၂၀ တစ်အိတ်လျှင် ကျပ် ၃၀ဝ၀ဝ ဖြင့် ဈေးငြိမ်လျက်ရှိသည်။ ပဲပုပ်သီးနှံမှာ ဝင်ရောက်မှုနည်း၍ အနည်းငယ်သာ အ‌ရောင်းအဝယ် ဖြစ်လျက်ရှိသည်။

 

ဝေဝေမင်း (ပြည်)