Main menu

Background

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောက်မျက်ရတနာလုပ်ငန်း လိုင်စင်ပေါင်း ၅၆၀ဝ ကျော် ထုတ်ပေးထား

Mon, 07/07/2025 - 13:59 -- journal_editor

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောက်မျက်ရတနာလုပ်ငန်းနှင့် သက် ဆိုင်သည့်   လုပ်ငန်းလိုင်စင်ပေါင်း ၅၆၀ဝ ကျော် ထုတ်ပေးထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။
ကျောက်မျက်ရတနာ  လုပ်ငန်း ဆောင်ရွက်နေသူများအနေဖြင့် ကျောက် မျက်လုပ်ငန်းလိုင်စင်များကို  မြန်မာ့ ကျောက်မျက်ရတနာ ရုံးချုပ်(နေပြည် တော်)နှင့် ရန်ကုန်၊ မန္တလေး မြို့ကြီးများ နှင့် မိုင်းရှူးမြို့တို့ရှိ မြန်မာ့ကျောက်မျက် ရတနာရုံးခွဲများတွင် လျှောက်ထားနိုင် ပြီး  လက်ရှိအချိန်ထိ  ကျောက်မျက် ရတနာလုပ်ငန်းနှင့်   သက်ဆိုင်သည့် လုပ်ငန်းလိုင်စင် ၅၆၇၈ ကျော် ထုတ် ပေးထားပြီးဖြစ်သည်။ 
ကျောက်မျက်ရတနာ   ရောင်း ဝယ်ခြင်းလုပ်ငန်း ဆောင်ရွက်လိုသူများ အနေဖြင့်လုပ်ငန်းလိုင်စင်များ လျှောက် ထားနိုင်ပြီး အသက်(၁၈)နှစ်ပြည့်ပြီး မြန်မာနိုင်ငံသား  မည်သူမဆို မိမိတို့ ဆောင်ရွက်လိုသည့် လုပ်ငန်းအလိုက် လိုင်စင်များကို  လျှောက်ထားရယူနိုင် မည်ဖြစ်သည်။
လိုင်စင်  လျှောက်ထားရာတွင် စတင်  လျှောက်ထားသူများအတွက် တစ်နှစ်သက်တမ်း ခွင့်ပြုပေးပြီး သက် တမ်းမကုန်မီ သုံးလအလိုတွင် သက် တမ်းတိုးမြှင့်နိုင်မည်ဖြစ်သည်။ လိုင်စင် သက်တမ်းတိုးရာတွင် လျှောက်ထားသူ ၏ ဆန္ဒအပေါ် မူတည်ပြီး လိုင်စင် တစ် နှစ်ဖြစ်စေ၊ နှစ်နှစ် ဖြစ်စေ၊ သုံးနှစ်ဖြစ် စေ  တိုးမြှင့်နိုင်မည်ဖြစ်ပြီး သက်တမ်း တိုးဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ပြည်တွင်း အခွန်ဦးစီးဌာနမှ အခွန်ကင်း ရှင်းကြောင်း ထောက်ခံချက်ဖြင့် သက် တမ်းတိုးရမည်ဖြစ်ကြောင်း သိရသည်။ 

ကိုတိုး