မန္တလေးမြို့တွင်းသို့ ကြံထွက်ရှိရာ ဒေသများဖြစ်ကြသည့် ကသာ၊ ထီးချိုင့်၊ တွင်းငယ်၊ မတ္တရာမြို့အနီးရှိ တံငါးရွာ၊ ပြင်ဦးလွင်၊ ကျောက်မဲဒေသတို့မှ ထွက်ရှိသည့်ကြံများ ဝင်ရောက်မှု မရှိသော် လည်း သကြားများ ဈေးကျလျက်ရှိသည်။
ကြံထွက်ပစ္စည်းများဖြစ်ကြသည့် ခါရည်၊ ပေါင်းရည်တို့မှာ ဈေးမြင့်တက်လျက်ရှိပြီး သကြားတစ်မျိုးသာ ဈေးကျလျက်ရှိသည်။ ၂၀၂၄ခုနှစ် ဇူလိုင်လ တတိယပတ်တွင် သကြားဈေးတစ်ပိဿာ ကျပ် ၄၇၀ဝ-၄၈၀ဝ၊ ပွက်သားတစ်ပိဿာ ကျပ် ၂၆၅၀-၂၈၀ဝ ၊ ခါသကြား တစ်ပိဿာ ကျပ် ၃၈၅၀-၃၉၀ဝ၊ ခါရည် တစ်ပိဿာ ကျပ် ၁၇၀ဝ-၁၈၀ဝ၊ ခေါင်ရည်တစ်ပိဿာ ကျပ် ၈၀ဝ-၁၄၀ဝ အသီးသီး ရောင်း ဝယ်မှုရှိခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်တွင် ပေါင်းသကြား တစ်ပိဿာလျှင် ကျပ် ၄၁၅၀-၄၂၅၀-၄၅၀ဝ ၊ ခါရည်တစ်ပိဿာလျှင် ကျပ် ၂၅၀ဝ-၂၆၀ဝ၊ ပေါင်းရည်တစ်ပိဿာလျှင် ကျပ် ၈၀ဝ-၂၀ဝ၀၊ ပွက်သား တစ်ပိဿာလျှင် ကျပ် ၂၆၀ဝ-၂၈၀ဝ၊ ခါသကြား တစ် ပိဿာလျှင် ကျပ် ၃၄၀ဝ-၃၅၀ဝ တို့ဖြင့် သကြားနှင့် သကာရည် အသင်း၏ နေ့စဉ် ပေါက်ဈေးတို့ဖြင့် ရောင်းဝယ်လျက်ရှိကြသည်။
မန္တလေး ငလျင်ဖြစ်ပေါ်မှုအချိန်တွင် လုပ်ငန်များ ခေတ္တရပ် ဆိုင်းမှုများ ဖြစ်ပေါ်ခဲ့ပြီး ဇူလိုင်လဆန်းမှစတင်၍ နို့ချက်လုပ်ငန်း၊ ဂျုံဖြင့် ပြုလုပ်သော မုန့်မျိုးစုံလုပ်ငန်း၊ ယိုစုံလုပ်ငန်း၊ အချိုရည်လုပ်ငန်း၊ ယမကာ လုပ်ငန်းများ ပြန်လည်လုပ်ကိုင်လျက်ရှိသည်။ သကြားကို ပြည်တွင်း၌သာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရောင်းချသူ များထံမှ သိရသည်။
ခင်မေဝင်း