Main menu

Background

ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ် ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်း

Wed, 09/03/2025 - 12:29 -- journal_editor

ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံ ရောင်းဝယ်လျက်ရှိပြီး မတ်ပဲ၊  ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီး၊ ဗိုလ်ကိတ်၊ စားတော်ပဲ(ကျွန်း)သီးနှံများ ရောင်းဝယ်လျက်ရှိသည်။

မတ်ပဲ
သြဂုတ်လ ပထမပတ်တွင်မတ်ပဲတစ်တင်းဈေးမှာ ကျပ် ၉၆၅၀ဝ -၉၆၈၀ဝ ဖြင့် တစ်ရက်လျှင် အိတ် ၂၀ဝ - ၃၀ဝ ခန့် ရန်ကုန်အဝယ်ရှိပြီး သြဂုတ်လ စတုတ္ထပတ်တွင် မတ်ပဲ တစ် တင်း ကျပ်  ၉၅၅၀ဝ - ၉၅၇၀ဝ ဖြင့် တစ်ရက်လျှင် အိတ် ၃၀ဝ ခန့် ရန်ကုန်အဝယ်ရှိ၍ ဈေးအနည်းငယ် ကျလာသည်။ 
ပဲတီစိမ်း
သြဂုတ်လ ပထမပတ်တွင် ပန်းတောင်း၊ကံမ၊ မင်းတုန်း ဘက်ရှိ ပဲတီစိမ်းသစ်များ စတင် ဝင်ရောက်လာပြီး ပဲတစ်တင်း လျှင် ကျပ် ၁၀ဝ၀ဝ၀ ဖြင့် ဈေးဖွင့်ခဲ့ပြီး စတုတ္ထပတ်အထိ ဈေး ငြိမ်နေ၍ မန္တလေးအဝယ် တစ်ရက်လျှင် အိတ် ၅၀ဝ ခန့်ရှိ သည်။
ပဲစင်းငုံ
သြဂုတ်လ ပထမပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် ကျပ်  ၈၆၀ဝ၀ ဖြင့် ရန်ကုန်အဝယ် တစ်ရက်လျှင် အိတ်  ၁၀ဝ-၁၅၀ ခန့်ရှိပြီး စတုတ္ထပတ်တွင် ပဲစင်းငုံ တစ်တင်းလျှင် ကျပ် ၈၂၀ဝ၀ -၈၃၀ဝ၀ ဖြင့် ဈေးကျလာ၍ ရန်ကုန်အဝယ် တစ်ရက်လျှင် အိတ် ၂၀ဝ ခန့်ရှိခဲ့သည်။
ကုလားပဲ
သြဂုတ်လ ပထမပတ်တွင် ကုလားပဲ (ူံ)တစ်တင်း လျှင် ကျပ် ၉၀ဝ၀ဝ-၈၉၀ဝ၀၊ မြကြေးမှုံတစ်တင်းလျှင် ကျပ် ၉၆၀ဝ၀ ဖြင့် မြို့တွင်းခွဲစက်သမားများက တစ်ရက်လျှင် အိတ် ၃၀ဝ ခန့် အဝယ်ရှိခဲ့ပြီး စတုတ္ထပတ်အထိ ဈေးငြိမ်နေကြောင်း သိရသည်။ 
ပဲကြီး
သြဂုတ်လ ပထမပတ်တွင် ပဲကြီး (ရွှေကျွန်း)တစ်တင်း လျှင် ကျပ်  ၁၂၀ဝ၀ဝ၊ ပဲကြီး(ကုန်းပဲ) တစ်တင်းလျှင် ကျပ် ၁၁၀ဝ၀ဝ ဖြင့် မြို့တွင်း ပဲကြော်သမားများက တစ်ရက်လျှင် အိတ် ၄၀ဝ ခန့် အဝယ်ရှိခဲ့ပြီး စတုတ္ထပတ်အထိဈေးငြိမ်နေသည်။ 
ဗိုလ်ကိတ်
သြဂုတ်လ ပထမပတ်တွင် ဗိုလ်ကိတ်ပဲတစ်တင်းလျှင် ကျပ် ၇၀ဝ၀ဝ ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ် တစ်ရက်လျှင်  အိတ် ၁၀ဝ-၁၅၀ ခန့်ရှိပြီး ဈေးပုံမှန်အတိုင်း ရှိနေသည်။ 
စားတော်ပဲ
သြဂုတ်လ ပထမပတ်တွင် စားတော်ပဲ (ကျွန်း) တစ် တင်းလျှင်  ကျပ်  ၁၉၅၀ဝ၀ -၂၀ဝ၀ဝ၀ ဖြင့် မြို့တွင်းအဝယ် တစ်ရက်လျှင် အိတ် ၂၅-၅၀ ခန့်ရှိပြီး စတုတ္ထပတ်အထိ ဈေး အေးနေခဲ့သည်။ 
ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲကြီး သီးနှံများမှာ အရောင်းအဝယ် သွက်လျက်ရှိပြီး ပဲစင်းငုံ၊ ဗိုလ် ကိတ်ပဲများမှာ လက်ကျန်နည်းလျက်ရှိကြောင်း သိရသည်။
ပဲလွမ်းဖြူ
ပဲလွမ်းဖြူဈေးမှာ သြဂုတ်လ နောက်ဆုံးပတ်တွင် တစ် တင်းလျှင် ကျပ် ၈၇၀ဝ၀ ဖြင့် တစ်နေ့လျှင် ပိဿာ၂၀ ဝင်အိတ် ၁၅-၂၀ခန့် အရောင်းအဝယ်ဖြစ်ပြီး  ဇူလိုင်လထက် ပဲတစ်တင်း လျှင် ကျပ် ၂၀ဝ၀ ဈေးမြင့်လာခဲ့သည်။
ထောပတ်ပဲ
သြဂုတ်လ  နောက်ဆုံးပတ်တွင် ထောပတ်ပဲဈေးမှာ တစ်တင်းလျှင် ကျပ် ၉၀ဝ၀ဝ-၉၅၀ဝ၀ ဖြင့် လက်လီသမားများ သာ တစ်နေ့လျှင် အိတ်၂၀ ခန့်သာ အရောင်းအဝယ်ဖြစ်လျက် ရှိပြီး ယခင်လအတိုင်း ဈေးအပြောင်းအလဲမရှိကြောင်း သိရ သည်။ 
ပဲနီပြား
သြဂုတ်နောက်ဆုံးပတ်တွင် ပဲနီပြားဈေးနှုန်းမှာ တစ် တင်းလျှင် ကျပ် ၁၅၀ဝ၀ဝ-၁၅၅၀ဝ၀-၁၆၀ဝ၀ဝ ဖြင့် လက်လီ၊ လက်ကား သမားများပါ ဝယ်ယူကြသဖြင့် တစ်နေ့လျှင် အိတ် ၅၀-၁၀ဝ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ဇူလိုင်လ ကုန်ဈေးနှင့်  နှိုင်းယှဉ်လျှင် တစ်တင်းကို ကျပ် ၁၀ဝ၀ဝ ခန့် ဈေးမြင့်တက်လာခဲ့သည်။
စားတော်ပဲ
စားတော်ပဲမှာ ဒေသအတွင်း စားသုံးမှု များသဖြင့် အခြားပဲများ ထက်ဈေးနှုန်းမြင့် တက်လာခဲ့သည်။ ဈေးနှုန်း အနေဖြင့် သြဂုတ်လ  နောက်ဆုံးပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၂၁၅၀ဝ၀ ဖြင့် လက်လီသမားများမှ တစ်နေ့လျှင် အိတ် ၂၀-၂၅ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ယခင်လနှင့် နှိုင်းယှဉ်လျှင် ပဲတစ်တင်း ကျပ် ၁၅၀ဝ၀-၂၀ဝ၀ဝ ခန့် ဈေးများ မြင့်တက်လာခဲ့သည်။
ပဲပုပ်
ပဲပုပ်မှာ ဒေသတွင်းအနည်းငယ်သာ စားသုံးမှုရှိသဖြင့် လက်လီသမားများသာ ဝယ်ယူမှုရှိ၍ တစ်နေ့လျှင် အိတ် ၂၀-၃၀ ခန့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ သြဂုတ်လ နောက်ဆုံးပတ်တွင်  ပဲပုပ်ဈေးမှာ  တစ်တင်းလျှင် ကျပ် ၁၁၈၀ဝ၀ ဖြစ်ပြီး ဇူလိုင်လထက် တစ်တင်းလျှင် ကျပ် ၇၀ဝ၀ ဈေးများ ကျဆင်းလာခဲ့သည်။
မြေပဲ
သြဂုတ်လတွင် မိုးမြေပဲများ အနည်းငယ် စတင်ထွက် ပေါ်လာနေပြီဖြစ်သည်။ ပြည်ဈေးကွက်သို့ တစ်နေ့လျှင် မြေပဲဆန်အိတ် ၂၀ဝ၀-၃၀ဝ၀ ခန့် အဝင်ရှိပြီး ဝင်သလောက် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်နှင့် မန္တလေး ဘက်မှ ဝယ်လက်များကလည်း ဝယ်ယူမှုရှိခြင်း၊ ဒေသတွင်းဆီစက်လုပ်ငန်းရှင်များကလည်း ဝယ်ယူမှုရှိခြင်းတို့ကြောင့် ပြည်ဒေသရှိ ပွဲရုံနှင့် ဈေးကွက်များတွင် ပုံမှန်ရောင်းဝယ်လျက်ရှိသည်။ မြေပဲဆန် ဈေးနှုန်းများအနေဖြင့် သြဂုတ်လ နောက် ဆုံးပတ်တွင် ဆီဆန်(အဖြူ) တစ်ပိဿာလျှင် ကျပ် ၆၅၀ဝ၊ ဆီဆန် (အနီ)တစ်ပိဿာလျှင် ကျပ် ၆၅၀ဝ နှင့် လုံးဆန်(အဖြူ)တစ်ပိဿာလျှင် ကျပ် ၇၅၀ဝ၊ လုံးဆန်(အနီ)တစ်ပိဿာလျှင် ကျပ် ၇၃၀ဝဖြင့် တစ်နေ့လျှင် အိတ် ၁၅၀ဝခန့် အရောင်း အဝယ်ဖြစ်လျက်ရှိသည်။ ယခင် ဇူလိုင်လနှင့်  နှိုင်းယှဉ်လျှင်  ဈေးအနည်းငယ်  ကျဆင်းလာကြောင်း သိရသည်။
နှမ်း
ပြည်ခရိုင်တွင် မိုးနှမ်းများ စတင်ထွက်ပေါ်နေပြီဖြစ်သော်လည်း စမုန်နက် နှမ်းဈေးမှာ ကျဆင်းခြင်းမရှိဘဲ ဆက်လက်မြင့်တက်လာခဲ့သည်။ ပြည်ခရိုင်အနေဖြင့် နှမ်းနက်ကိုသာ အများဆုံး စိုက်ပျိုးကြပြီး ထွက်ရှိလာသော နှမ်းများကို နယ်စုံသို့ တင်ပို့ရောင်းချကြသည်။ ယခုနှစ်တွင် မိုးနှမ်းများ ရိတ်သိမ်းချိန်တွင် မိုးကောင်းသဖြင့် နှမ်းခင်းများ  ပျက်စီးမှုရှိ၍ နှမ်းအထွက်နှုန်းနည်းသွားပြီး ဝယ်လိုအားများလာ၍ ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်သည်ဟု သိရသည်။ နှမ်းဈေးများ မှာ သြဂုတ်လ နောက်ဆုံးပတ်တွင် နှမ်းနီတစ်တင်းလျှင် ကျပ် ၁၈၀ဝ၀ဝ၊ နှမ်းနက် တစ်တင်းလျှင် ကျပ် ၂၃၀ဝ၀ဝ နှင့် စမုန်နက်နှမ်း  တစ်တင်းလျှင် ကျပ် ၂၅၀ဝ၀ဝ-၂၆၀ဝ၀ဝ ဖြစ် ကြောင်း သိရသည်။                                          

မိမိအေး (ပြည်) ၊ ဝေဝေမင်း(ပြည်)