Main menu

Background

ပခုက္ကူမြို့ ဘိလပ်‌မြေ၊ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး ဈေးနှုန်းများအခြေအနေ

Tue, 10/14/2025 - 14:24 -- journal_editor

ပခုက္ကူမြို့တွင် စက်တင်ဘာလဆန်းပိုင်းက  ကြံ့နှစ်ကောင် ဘိလပ်မြေ တစ်အိတ်လျှင် ကျပ် ၂၁၀ဝ၀၊ အယ်လ်ဖာဘိလပ်မြေ တစ်အိတ်လျှင် ကျပ်၂၁၀ဝ၀ ရှိခဲ့ပြီး ယခု စတုတ္ထပတ်တွင် အနည်း ငယ်တက်လာပြီး ကြံ့နှစ်ကောင် ဘိလပ်မြေတစ်အိတ်လျှင် ကျပ် ၂၁၅၀ဝ၊ အပါချီ ဘိလပ်မြေ တစ်အိတ်လျှင် ကျပ်၂၁၅၀ဝဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး   ဆိုင်များတွင် လက်ကျန် လုံ လောက်စွာရှိကြောင်း သိရသည်။ စက်တင်ဘာ စတုတ္ထပတ်တွင်  အသုံးများသော ဓာတ်မြေ သြဇာ ဈေးနှုန်းများမှာ ရွှေနဂါး ယူရီးယား တစ်အိတ်လျှင် ကျပ် ၁၁၀ဝ၀ဝ၊ တရုတ်တီစူပါ သံကွင်း 50kg ပါ တစ်အိတ်လျှင် ကျပ် ၁၆၅၀ဝ၀၊ မြန်မာသြဘာ ရွှေကောမက် (50)kg ပါ တစ်အိတ်လျှင် ကျပ် ၁၆၀ဝ၀ဝ၊ သြဘာကွန်ပေါင်း 50kg ပါ တစ်အိတ်လျှင် ကျပ် ၁၉၅၀ဝ၀၊ ကောမက်ကွန်ပေါင်း ၁၅း၁၅း၁၅ (50kg)ပါ တစ်အိတ် လျှင် ကျပ် ၁၅၀ဝ၀ဝ၊ တရုတ်အာမို ၁၆း၁၆း၁၆ (50kg)ပါ တစ် အိတ်လျှင် ကျပ် ၁၈၀ဝ၀ဝ ၊ အာမို ကွန်ပေါင်း(50)kgပါ တစ်အိတ် လျှင် ကျပ် ၁၇၅၀ဝ၀ ဈေးဖြင့် အာမိုမှ ထုတ်လုပ်သော ဓာတ်မြေ သြဇာများမှာ ပို၍အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
ပိုးသတ်ဆေးဈေးနှုန်းများမှာ အာမိုမက်နီ ဖော့(500)CC တစ် ဘူးလျှင် ကျပ် ၆၇၀ဝ၀၊ အာမိုမက်နီဖော့တစ်လီတာတစ်ဘူးလျှင် ကျပ် ၁၁၆၀ဝ၀၊ မိုစတားတစ်လီတာ တစ်ဘူးလျှင် ကျပ် ၆၇၀ဝ၀၊ အာမိုအီမာ (၂၅၀)ခခတစ်ဘူးလျှင် ကျပ် ၁၈၀ဝ၀၊ (၅၀ဝ)ခခ တစ်ဘူး လျှင် ကျပ် ၃၂၅၀ဝ၊ တစ်လီတာ တစ်ဘူးလျှင် ကျပ် ၆၀ဝ၀ဝ၊ ဂျက် ကက် မင်းမဟော် (၁၀ဝ)ခခ တစ်ဘူးလျှင် ကျပ် ၁၆၅၀ဝ၊ သြဘာ အဆီဖိတ် (500)CC ပါ တစ်ထုပ်လျှင် ကျပ် ၃၂၀ဝ၀၊ သြဘာ ငှက်ကြီး တောင် (100)CC တစ်ဘူးလျှင် ကျပ် ၃၆၀ဝ၀၊ သြဘာငှက်ကြီး တောင် (၂၅၀)ခခ တစ်ဘူးလျှင်ကျပ် ၆၂၀ဝ၀၊ မင်းမဟော်ဖော်ယူဘိုး (500)CC တစ်ဘူးလျှင် ကျပ် ၄၅၀ဝ၀၊ (250)CC တစ်ဘူးလျှင် ကျပ် ၂၅၅၀ဝ၊ မင်းမဟော် ဂုတ်မက်ပ် (၂၅၀)ခခ တစ်ဘူးလျှင် ကျပ် ၃၆၅၀ဝ၊ (၅၀ဝ)ခခ တစ်ဘူးလျှင် ကျပ် ၆၂၀ဝ၀  ဈေးနှုန်းအသီးသီး ဖြင့် ဈေးနှုန်းတည်ငြိမ်စွာဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ယခုအချိန်သည် ပဲမျိုးစုံပေါ်ချိန်ဖြစ်၍ ဓာတ်မြေသြဇာ ထက် ပိုးသတ်ဆေးများမှာ  ပို၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်း ရှင်များထံမှ သိရသည်။

စန်းမြင့်ရီ(ပခုက္ကူ)