ကမ္ဘာ့စားသုံးဆီဈေးကွက်ခိုင်မာမှုနှင့် ရောင်းလိုအားအပိုင်း မရေရာမှုများ ရှိနေခြင်းတို့ကြောင့် မလေးရှား စားအုန်းဆီကြမ်း (MPOC) ဈေးနှုန်းသည် မကြာမီကာလအတွင်း တစ်တန်လျှင် ရင်း ဂစ် ၄၂၀ဝ နှင့် ရင်းဂစ် ၄၅၀ဝ ကြားနှုန်းထားဖြင့် အရောင်းအဝယ် ဖြစ်နိုင်ဖွယ်ရှိသည်ဟု မလေးရှား စားအုန်းဆီကောင်စီ (MPOC) ၏ ပြောကြားချက်အရ သိရကြောင်းThe Edge Malaysia သတင်း ဌာနက စက်တင်ဘာ ၂၂ ရက်တွင် ဖော်ပြထားသည်။
အဓိကအားဖြင့် အင်ဒိုနီးရှားမှ စားအုန်းဆီကိုလည်းကောင်း၊ အမေရိ ကန်နှင့် ဘရာဇီးတို့မှ ပဲပုပ်ဆီကိုလည်းကောင်း ဇီဝဒီဇယ် ထုတ်လုပ်မည့်မူဝါဒများ အသီးသီး ချမှတ်လုပ်ကိုင်ခြင်းကြောင့် တင်ပို့ရန်အတွက် စားသုံးဆီများ တင်သွင်းနိုင်မှုမှာ မသေချာ မရေရာမှုများရှိနေချိန်၌ စားအုန်းဆီဈေးနှုန်း အတက်ဘက်သို့ ဖြစ်ပေါ်နိုင်မှုမှာ ကန့်သတ်ချက်ရှိနေသည်။
ထို့အပြင် ရေနံစိမ်းဈေးနှုန်းများသည် တစ်စည်လျှင် အမေ ရိကန်ဒေါ်လာ ၆၀ (၂၅၂ဒသမ၃၆ ရင်းဂစ်) ဝန်းကျင်တွင် တည် ငြိမ်လျက်ရှိနေခဲ့ပြီး တန်ဖိုးမြင့်တက်မည့် အရိပ်အခြေရှိနေသဖြင့် ဟင်းသီးဟင်းရွက်ဆီများ ဈေးနှုန်းခိုင်မာမှုကို ထပ်လောင်းပံ့ပိုး ပေးလျက်ရှိကြောင်း စက်တင်ဘာ ၂၂ ရက်တွင် MPOC က ထုတ် ပြန်ခဲ့သည်။
မလေးရှား၏ စားအုန်းဆီ သိုလှောင်မှုလက်ကျန်မှာ သြဂုတ်လတွင် တန်ချိန် ၂ ဒသမ ၂၀ သန်းအထိ မြင့်တက်ခဲ့သည်။ ထုတ်လုပ်မှုအနေဖြင့် တန်ချိန် ၄၃၀ဝ၀ ပိုမိုတိုးတက်လျက် တန် ချိန် ၁ ဒသမ ၈၅ သန်းအထိ ရှိလာသော်လည်း တင်ပို့မှုအနေဖြင့် တန်ချိန် ၁ ဒသမ ၃၂ သန်းသာ ရှိခဲ့သည့်အတွက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ နောက်ပိုင်း၌ အမြင့်ဆုံးလက်ကျန်ပမာဏသို့ ရောက် ရှိခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ စားအုန်းဆီလက်ကျန် များပြားမှု ရှိသော်လည်း ဟင်းသီးဟင်းရွက်ဆီဈေးကွက်၌ ရောင်းလိုအား တင်းကျပ်မှု ကျယ်ပြန့်စွာဖြစ်ပေါ်လျက်ရှိရာ ဈေးနှုန်းများ ဆက် လက်ခိုင်မာနေပြီး စားအုန်းဆီကဏ္ဍမှ ဝင်ငွေသည် တတိယသုံးလ ပတ်တွင် ၁၀ ဒသ မ ၉ ရာခိုင်နှုန်း တိုးတက်မှုဖြင့် ဦးဆောင်ခဲ့သည်။
ရှေ့အနာဂတ်ကို မျှော်ကြည့်ရာတွင် ကမ္ဘာ့ဟင်းသီးဟင်း ရွက်ဆီ ဝယ်လိုအားသည် ၂၀၂၆ ခုနှစ်အတွင်း ထုတ်လုပ်မှုထက် သာလွန်မည်ဟု ခန့်မှန်းရပြီး အဓိကဈေးကွက်များတွင် ချမှတ်ထား သည့် ဇီဝဒီဇယ်ထုတ်လုပ်မှု မူဝါဒများက တင်ပို့နိုင်မှုကို ပိုမိုကန့် သတ်နိုင်သည်ဟု MPOC က ထပ်လောင်းပြောကြားခဲ့သည်။
စားအုန်းဆီ ထုတ်လုပ်မှုသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ရာသီအလိုက် ကျဆင်းလာမည်ဖြစ်ပြီး ယင်းအခြေအနေက ကုန် လက်ကျန်များပြားမှု ဖိအားကို သက်သာစေလျက် ဈေးနှုန်းများ ကောင်းမွန်မှုကိုပါ ပံ့ပိုးပေးနိုင်မည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဇီဝဒီဇယ်၌ စားအုန်းဆီ ၅၀ ရာခိုင်နှုန်း ရောနှောအသုံးပြုမည့် အစီအစဉ်ကို အစိုးရက တိုးမြှင့်လုပ်ဆောင်ပါက အင်ဒိုနီးရှား၏ တင်ပို့နိုင်မည့် စားအုန်းဆီပမာဏသည် ဖြစ်နိုင်ခြေရှိသော အရေ အတွက်အောက်သို့ ကျဆင်းသွားနိုင်သည်။ အဆိုပါ အချက်များ သည် ဟင်းသီးဟင်းရွက်ဆီဈေးနှုန်းများကို ၂၀၂၅ ခုနှစ် နှစ်ကုန် ပိုင်းအထိ ဆက်လက်ထိန်းထားနိုင်ဖွယ်ရှိသည်ဟု CBOT ကဆို သည်။
အမေရိကန်နှင့် အာဂျင်တီးနားနိုင်ငံတို့ရှိ လယ်သမားများ သည် အမြတ်အစွန်း ပိုမိုရရှိသော သီးနှံများကို ပြောင်းလဲစိုက်ပျိုး သောကြောင့် ကမ္ဘာ့ပဲပုပ်ထုတ်လုပ်မှုသည် ၂၀၂၄-၂၀၂၅ ခုနှစ် တွင် တန်ချိန် ၂၇ သန်းထိတိုးတက်ထုတ်လုပ်ခဲ့ရာမှ ၂၀၂၅-၂၀၂၆ ခုနှစ်၌ တန်ချိန် ၂ ဒသမ ၅ သန်းခန့် သိသာစွာ လျော့နည်းနိုင်ပြီး ထုတ်လုပ်မှု နှေးကွေးသွားဖွယ်ရှိသည်။
ချီကာဂို ကုန်သွယ်ရေးဘုတ်အဖွဲ့ (CBOT) တွင် လက်ရှိ ပဲပုပ်စေ့ဈေးနှုန်းသည် အမေရိကန်၏ ပဲပုပ်စေ့ တစ်ဘူရှယ် (ပေါင် ၆၀) ထုတ်လုပ်မှုကုန်ကျစရိတ် ၁၁ ဒသမ ဝ၃ အမေရိကန်ဒေါ်လာ အောက်သို့ လျော့နည်းလျက် ၁ ဘူရှယ်လျှင် ၁၀ဒသမ၄၀ အမေ ရိကန်ဒေါ်လာနှုန်းရှိနေကြောင်း အမေရိကန် ပဲပုပ်အသင်း၏ အချက်အလက်များကို ကိုးကားလျက် MPOC က မှတ်ချက်ပြု ပြောကြားသည်။
၂၀၂၆ ခုနှစ်အတွင်း ကမ္ဘာ့ပဲပုပ်ထုတ်လုပ်မှုသည် စားသုံးမှု ထက် ပိုလျှံနေဦးမည်ဖြစ်သော်လည်း ကုန်လက်ကျန်ပမာဏ စုပုံ လာမှုသည် လွန်ခဲ့သည့်သုံးနှစ်နှင့် နှိုင်းယှဉ်ပါက သိသိသာသာ နှေးကွေးမည်ဟု မျှော်လင့်ရပြီး ပဲပုပ်ဈေးနှုန်းများ ကျဆင်းသွား စေနိုင်သည့် ဖိအားများကို လျှော့ချနိုင်မည်ဟု MPOC ကဆိုသည်။
စားသုံးဆီ အဓိကတင်သွင်းသောနိုင်ငံများတွင် ဟင်းသီး ဟင်းရွက်ဆီ သိုလှောင်မှုမှာလည်း ပြန်လည်ကောင်းမွန်လာခဲ့ သည်။ အိန္ဒိယနိုင်ငံ၏ ဟင်းသီးဟင်းရွက်ဆီသိုလှောင်မှုမှာ ၂၀၂၅ ခုနှစ် မေလတွင် တန်ချိန် ၁ ဒသမ ၃၃ သန်းသာရှိခဲ့ရာ သြဂုတ်လ တွင် တန်ချိန် ၁ ဒသမ ၈၆ သန်းသို့ရောက်ရှိပြီး ၄၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။
တရုတ်နိုင်ငံတွင် ဟင်းသီးဟင်းရွက်ဆီ သိုလှောင်မှုမှာ ၂၀၂၅ ခုနှစ် မေလမှစတင်၍ မြင့်တက်လာခဲ့ပြီး သြဂုတ်လတွင် တန်ချိန် ၂ ဒသမ ၄ သန်းအထိ ရောက်ရှိခဲ့ရာ ယခင်နှစ်ထက် ၂၁ ရာခိုင်နှုန်း ပိုမိုခဲ့သည်။ တရုတ်နိုင်ငံ၏စားအုန်း ဆီ သိုလှောင် မှုမှာလည်း စက်တင်ဘာလလယ်အထိ တန်ချိန် ၆၄၆၀ဝ၀ ခန့် ရှိပြီး တင်သွင်းရန် မလိုအပ်ဘဲ သုံးလစာ ရောင်းလိုအားနှင့် ညီမျှ ကြောင်း သိရသည်။
Source: The Edge Malaysia, 22th Sept 2025
D Thi, DOCA
