ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများနှင့် လယ်ယာထွက်ကုန်အခြေခံတန်ဖိုးမြင့် စား သောက် ကုန်ချောထုတ်လုပ်သည့် လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်သော တိုင်းဒေသကြီးတစ်ခုဖြစ်သည်။
မြန်မာနိုင်ငံ၏ အဓိကဆန်အိုးကြီးဟု တင်စား ခေါ် ဝေါ်ရလောက်အောင် လယ်ယာထွက်ကုန် စပါးမျိုးကောင်း မျိုးသန့်များ စိုက်ပျိုးထွက်ရှိသည်။ ဧရာဝတီတိုင်းဒေသကြီး အတွင်းတွင် ပုသိမ်ခရိုင်၊ မအူပင်ခရိုင်၊ မြောင်းမြခရိုင်၊ ဟင်္သာတ ခရိုင်၊ ဖျာပုံခရိုင်တို့ရှိပြီး ဒေသတွင်း စပါးကို အဓိကထားစိုက် ပျိုးကြသည်။ ထိုခရိုင်အသီးသီးမှ ထွက်ရှိသော ဆန်နှင့် ဆန် ကွဲများကို ရန်ကုန်သို့ အဓိကထားတင်ပို့ပြီး ဆန်ကွဲကို ရန်ကုန် စက်မှုဇုန်ကြီးများသို့ တင်ပို့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်ဒေသထွက် ဆန် များကို သီလဝါဆိပ်ကမ်း၊ ဆူးလေဆိပ်ကမ်း၊ Asiaworld ဆိပ်ကမ်း၊ ရွှေပြည်သာစက်မှုဇုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်၊ လှိုင်သာယာစက်မှုဇုန်၊ ကျိုက်ဝိုင်းဈေး၊ ပဲခူးဈေးကြီး၊ ရွှေလင် ပန်းစက်မှုဇုန်သို့ တင်ပို့လျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ အိတ် ရေ ၂၂၄၅၄၃၀ တန်ချိန် ၁၁၂၂၇၀ တင်ပို့ခဲ့ကြောင်းသိရသည်။ မအူပင်ခရိုင်မှ ထွက်ရှိသော ဆန်ကွဲများ တင်ပို့မှုအနေဖြင့် ၂၀၂၅ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ အိတ်ရေ ၇၀ဝ၆၂၄၊ တန်ချိန် ၃၅၀၃၁ တန်တင်ပို့ခဲ့ကြောင်းသိရသည်။
စပါးဈေးနှုန်း အနေဖြင့် ၂၀၂၅ခုနှစ် အောက်တိုဘာလ စတုတ္ထပတ်တွင် ပေါ်ဆန်း စပါး ပေါင် ၅၀ တင်း ၁၀ဝ ကွင်း ဈေး ကျပ် ၂၆၂၀ဝ၀ဝ၊ မြို့ဈေး ကျပ် ၂၆၅၀ဝ၀ဝ၊ ပေါ်ဆန်း ၄၆ ပေါင် တင်း ၁၀ဝ ကွင်းဈေး ကျပ် ၂၄၀ဝ၀ဝ၀၊ မြို့ဈေး ကျပ် ၂၄၃၈၀ဝ၀၊ ပေါ်ဆန်းဆန်(၁၀၈)ပေါင် တစ်အိတ် လတ်စ ကျပ် ၁၁၅၀ဝ၀၊ ထိပ်စ ကျပ် ၁၂၀ဝ၀ဝ၊ ဆင်းသုခ စပါး(၅၀)ပေါင် တင်း ၁၀ဝ ဈေး ကျပ် ၁၃၇၀ဝ၀ဝ၊ မြို့ဈေး ကျပ် ၁၄၀ဝ၀ဝ၀၊ ဆင်းသုခ စပါး(၄၆)ပေါင်တင်း ၁၀ဝ ကွင်း ဈေး ကျပ် ၁၂၆၀၄၀ဝ၊ မြို့ဈေး ကျပ် ၁၂၈၈၀ဝ၀၊ ဆင်းသုခ ဆန် (၁၀၈)ပေါင် တစ်အိတ်ဈေး လတ်စ ၄၉၀ဝ၀၊ ထိပ်စ ကျပ် ၅၅၀ဝ၀၊ GW-11 စပါး(၅၀) ပေါင် တင်း ၁၀ဝ ကွင်းဈေး ကျပ် ၁၃၀ဝ၀ဝ၀၊ မြို့ဈေး ကျပ် ၁၃၅၀ဝ၀ဝ၊ GW-11 စပါး (၄၆)ပေါင် တင်း ၁၀ဝ ကျပ် ၁၁၆၈၄၀ဝ၊ မြို့ဈေး ကျပ် ၁၁၉၆၀ဝ၀၊GW-11 ဆန်အိတ် (၁၀၈)ပေါင် တစ်အိတ် လတ်စ ကျပ် ၄၈၀ဝ၀၊ ထိပ်စ ကျပ် ၄၉၀ဝ၀ဈေးရှိကြောင်း ဈေးကွက်အတွင်း မှ သိရသည်။
သဇင်(မအူပင်)
