Main menu

Background

ထိုင်းနိုင်ငံဆန်တင်ပို့မှု နှစ်စဉ်ရည်မှန်းချက် ပြည့်မီနိုင်

Mon, 12/01/2025 - 14:06 -- journal_editor

လွန်ခဲ့သည့်နှစ်ထက်တန်ဖိုး ၄၀ ရာခိုင်နှုန်းကျဆင်းသော်လည်း ယခု နှစ်တွင် ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုသည် ရည်မှန်းချက်ဖြစ်သည့် တန်ချိန် ၇ ဒသမ ၅ သန်း ပြည့်မီနိုင်သည့် လမ်းကြောင်းပေါ်တွင် ရှိနေကြောင်း ထိုင်း နိုင်ငံ ဆန်တင်ပို့သူများအသင်းက ပြောကြားခဲ့သည်။ အသင်း၏ဂုဏ်ထူး ဆောင်ဥက္ကဋ္ဌ Chookiat Ophaswongse က ယခုနှစ်ဇန်နဝါရီမှ စက်တင်ဘာလထိတွင် ဆန်တန်ချိန်  ၅ ဒသမ ၉ သန်း  တင်ပို့ခဲ့ပြီး နှစ်စဉ် ပို့ကုန်ရည်မှန်းချက်ပြည့်မီရန် ယခုနှစ်၏ စတုတ္ထ သုံးလပတ်ကာလတွင် တစ်လလျှင်ပျမ်းမျှ တန်ချိန် ၅၀ဝ၀ဝ၀ ကျော် တင်ပို့ရန်လိုအပ်ကြောင်း ပြော ကြားခဲ့သည်။ 
ထိုကာလအတွင်း တစ်လလျှင်တန်ချိန် ၆၀ဝ၀ဝ၀ တင်ပို့နိုင်ပါက စုစု ပေါင်းတင်ပို့မှုမှာ တန်ချိန် ၈ သန်းအထိ ရောက်ရှိနိုင်ကြောင်း သိရသည်။ သို့သော် ရောင်းလိုအားများပြားသော်လည်း ဝယ်လိုအားကျဆင်းမှုကြောင့် ယခုနှစ်ကမ္ဘာ့ဆန်ဈေးကွက်သည် ၂၀၂၄ ခုနှစ်ကထက် ဆိုးရွားနိုင်ကြောင်း သိရသည်။ ဒေသတွင်းအဓိကဆန်တင်သွင်းသူများဖြစ်သည့် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့သည် ပြည်တွင်းထုတ်လုပ်မှုလုံလောက်မှုနှင့် ပြည်တွင်းဆန်ဈေး ကွက်များ တည်ငြိမ်ရန် လိုအပ်သောကြောင့် ၎င်းတို့၏တင်သွင်းမှုများကို ရပ်တန့်ထားကြောင်း သိရသည်။ ဖိလစ်ပိုင်သည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ဆန်တန်ချိန် ၃၀ဝ၀ဝ၀ တင်သွင်းရန်စီစဉ်ထားသော်လည်း ယခုအခါ ဖေဖော် ဝါရီလမှ ဧပြီလထိ သုံးလတင်သွင်းမှု ပိတ်ပင်မည်ဖြစ်ကြောင်း သိရသည်။ 
ထိုအချက်များသည် ကမ္ဘာ့ဈေးကွက်တွင် ဆန်ဈေးနှုန်းများကျဆင်းမှု ကိုဖြစ်ပေါ်စေခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံ၏ ၅ရာခိုင်နှုန်း ဆန်ဖြူသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၄၀၊ မြန်မာဆန် အမေရိကန်ဒေါ်လာ ၃၁၀၊ ပါကစ္စတန်ဆန် အမေရိကန်ဒေါ်လာ ၃၃၀၊ အိန္ဒိယဆန် အမေရိကန် ဒေါ်လာ ၃၃၀ နှင့် ဗီယက်နမ်ဆန် အမေရိကန်ဒေါ်လာ ၃၆၀ ဈေးနှုန်းရှိ ကြောင်းသိရသည်။ ယခုနှစ်၏ စက်တင်ဘာလတွင်  ဗီယက်နမ်သည် ဆန် တန်ချိန် ၆ဒသမ ၈ သန်းတင်ပို့ခဲ့ပြီး အိန္ဒိယက တန်ချိန် ၁၈ သန်းတင်ပို့ခဲ့ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံသည် ယခုနှစ်တွင် တန်ချိန် ၂၂ ဒသမ၂၃ သန်းနှင့် ဗီယက်နမ်သည် တန်ချိန် ၈ ဒသမ ၅ သန်း တင်ပို့ရန် မျှော်မှန်းကြောင်း သိရ သည်။ 
ထိုင်းဆန်သည် ၂၀၂၄ ခုနှစ်တွင် တစ်တန်လျှင် ပျမ်းမျှအမေရိကန်‌ ဒေါ်လာ ၅၀ဝ မှ ယခုနှစ်တွင် အမေရိ ကန် ‌ဒေါ်လာ ၃၄၀ ပတ်လည်အထိကျ ဆင်းခဲ့ကြောင်း သိရသည်။ Mr Chookiat က ထိုင်းhom mali  ဆန်နှင့် ပေါင်း ဆန်တို့သည် ယခုနှစ်တွင် စွမ်းရည်ကောင်းနေကြောင်း ပြောကြားခဲ့သည်။ အမေရိကန်ဈေးကွက်တွင် ထိုင်းhom mali  ဆန်အတွက် ဝယ်လိုအားကောင်း နေပြီး ဝယ်ယူသူများသည် အမေရိကန်နိုင်ငံမှ ကောက်ခံမည့် အခွန်သက် ရောက်မှု အလားအလာကို စိုးရိမ်မှုကြောင့် ဝယ်ယူစုဆောင်းနေကြောင်း သိရ သည်။ 
အမေရိကန်သည် နှစ်စဉ် ထိုင်းနိုင်ငံထံမှ ဆန်တန်ချိန် ၈၃၀ဝ၀ဝ တင် သွင်းပြီး ထိုပမာဏထဲမှ တန်ချိန် ၆၅၀ဝ၀ဝ သည်  hom mali  ဆန်ဖြစ်ကြောင်း သိရသည်။ ၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံသည် ဆန်တန်ချိန် ၉ ဒသမ၉၅ သန်း တင်ပို့ရာမှ ဝင်ငွေ   အမေရိကန်‌ဒေါ်လာ ၆ ဒသမ ၄၃ သန်း ရရှိခဲ့ကြောင်း သိရသည်။                                    

   Bangkok Post, j မြသူ၊ ီဥဃဗ (ရန်ကုန်)