မြန်မာ့ပြောင်းအား လာမည့် ဖေဖော်ဝါရီလတွင် ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့နိုင်ရေး ပြင်ဆင်လျက်ရှိ ကြောင်း သိရသည်။ မြန်မာ့ပြောင်းကို ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ဖေဖော်ဝါရီ ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ တင်ပို့ရန် ပြင်ဆင်နေခြင်းဖြစ်သည်။
ထိုင်းနိုင်ငံသို့ မြန်မာ့ပြောင်း တင်ပို့ရာတွင် ရန်ကုန်ဆိပ်ကမ်းမှ ဗန်ကောက်ဆိပ်ကမ်းများသို့ လည်းကောင်း၊ ကော့သောင်း-ရနောင်းလမ်းကြောင်းမှ လည်းကောင်း၊ တာချီလိတ်လမ်းကြောင်းမှလည်းကောင်း တင်ပို့နေခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ်တွင် ထိုင်းနိုင်ငံသို့ ပြောင်းတန်ချိန် ၁ ဒသမ ၈ သန်းခန့် တင်ပို့နိုင်ခဲ့ပြီး ယခုနှစ်တွင်လည်း ယခင်နှစ်က တန်ချိန် ပမာဏအတိုင်း တင်ပို့နိုင်ရန် စီစဉ်ထားကြောင်းသိရသည်။
ထို့ပြင် ပြည်တွင်းတွင် ပြောင်းစိုက်ဧက နှစ်သန်းကျော်ရှိပြီး ပြည်တွင်းသုံးစွဲမှုအနေဖြင့် ပြောင်းတန်ချိန် တစ်သန်းခန့်ရှိပြီး နှစ်စဉ် ပြည်ပသို့ တန်ချိန်နှစ်သန်းကျော် တင်ပို့လျက်ရှိကြောင်း သိရသည်။
ကိုတိုး
