စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ် ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဖေဖော်ဝါရီလ စတုတ္ထပတ်ဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။
ကုလားပဲ
ကန့်ဘလူမြို့နယ်၌ ကုလားပဲ(ထိုင်ဝမ်) တစ်တင်းလျှင် ကျပ် ၇၀ဝ၀ဝ၊ ၉၂၉ တစ်တင်းလျှင် ကျပ် ၇၃၀ဝ၀ ၊ ဠ၂ တစ်တင်းလျှင် ကျပ် ၇၄၅၀ဝ နှင့် ဠ၇ တစ်တင်းလျှင် ကျပ် ၇၄၀ဝ၀ ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိရာ ဖေဖော်ဝါရီလ ဒုတိယပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက တစ်တင်း လျှင် ကျပ် ၁၀ဝ၀ ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း သိရသည်။
မတ်ပဲ
မတ်ပဲရိုးရိုးတစ်တင်းလျှင် ကျပ် ၆၉၅၀ဝ၊ မတ်ပဲမျက်ကွင်းဖြူ တစ် တင်းလျှင် ကျပ် ၇၃၅၀ဝနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဒုတိယ ပတ်ဈေးနှုန်း များနှင့် နှိုင်းယှဉ်ပါက မတ်ပဲတစ်တင်းလျှင် ကျပ် ၅၀ဝ ဈေးနှုန်း ကျဆင်းသွားကြောင်း သိရသည်။
ပဲစင်းငုံ
ပဲစင်းငုံနီတစ်တင်းလျှင် ကျပ် ၈၅၀ဝ၀၊ ပဲစင်းငုံဖြူ တစ်တင်းလျှင် ကျပ် ၇၃၀ဝ၀ နှင့် အောက်စ တစ်တင်းလျှင် ကျပ် ၇၂၅၀ဝ ဈေးနှုန်း တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခုတစ်ပတ်အတွင်း အရောင်းအဝယ်အေး ၍ ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရသည်။
ပဲတီစိမ်း
ပဲတီစိမ်းရိုးရိုး တစ်တင်းလျှင် ကျပ် ၇၉၀ဝ၀၊ ပဲတီစိမ်း ထွက်တိုး တစ်တင်းလျှင် ကျပ် ၈၁၀ဝ၀ ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဖေဖော်ဝါရီလ ဒုတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ပဲတီစိမ်းတစ်တင်း လျှင် ကျပ် ၅၀ဝ ဈေးနှုန်းကျဆင်းသွားကြောင်း သိရသည်။
စွန်တာနီ
စွန်တာနီ(ပဲနီ)တစ်တင်းလျှင် ကျပ် ၁၂၁၀ဝ၀၊ အကွဲ အနာပါတစ်တင်း လျှင် ကျပ် ၁၂၀၅၀ဝ ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဒုတိယ ပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက စွန်တာနီ (ပဲနီ)တစ်တင်းလျှင် ကျပ် ၁၀ဝ၀ ဈေးနှုန်း မြင့်တက်လာကြောင်း သိရသည်။
ပဲဇီးကွက်
ပဲဇီးကွက်တစ်တင်းလျှင် ကျပ် ၁၃၀၅၀ဝ၊ အကွဲအနာပါလျှင် ကျပ် ၁၃၀ဝ၀ဝ ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဒုတိယပတ်ဈေးနှုန်း များနှင့် နှိုင်းယှဉ်ပါက ပဲဇီးကွက်တစ်တင်းလျှင် ကျပ် ၅၀ဝ ဈေးနှုန်းမြင့်တက် လာကြောင်း သိရသည်။
ထောပတ်ပဲ
ဖေဖော်ဝါရီလ တတိယပတ်အတွင်း ထောပတ်ပဲတစ်တင်းလျှင် ကျပ် ၁၃၄၀ဝ၀၊ အကွဲအနာပါ တစ်တင်းလျှင် ကျပ် ၁၃၃၅၀ဝ ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဒုတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ထောပတ်ပဲဖြူ တစ်တင်းလျှင် ကျပ် ၁၀ဝ၀ ကျဆင်းသွားကြောင်း သွား ကြောင်း သိရသည်။
ပဲလွမ်းဖြူ
ပဲလွမ်းဖြူတစ်တင်းလျှင် ကျပ် ၈၄၀ဝ၀၊ အကွဲအနာပါ တစ်တင်း လျှင် ကျပ် ၈၃၅၀ဝ ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဒုတိယပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက အရောင်းအဝယ်အေး၍ ပဲလွမ်းဖြူသီးနှံတစ် တင်းလျှင် ကျပ် ၁၀ဝ၀ ဈေးနှုန်းကျဆင်းသွားကြောင်း ဒေသတွင်း သီးနှံပွဲရုံ များထံမှ သိရသည်။
ဝင်းသန်း(ကျွန်းလှ)
