မကွေးတိုင်းဒေသကြီး မကွေးခရိုင် မကွေးမြို့နယ် အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်း ကန်၊ သစ်ရာကောက် စသည့်ကျေးရွာများနှင့် မင်းဘူး၊ မြို့သစ်၊ နတ်မောက်မြို့နယ်တို့မှ ထွက်ရှိသော ပဲတီစိမ်း၊ ပဲနောက်၊ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ အခြားပဲမျိုးစုံနှင့် နှမ်းမျိုးစုံတို့ မကွေးဈေးကွက်သို့ ဝင်ရောက်ရောင်းဝယ် ဖောက်ကားလျက်ရှိသည်။ ဖေဖော်ဝါရီလ စတုတ္ထပတ်အတွင်း ပဲမျိုးစုံဈေးနှုန်းနှင့်ဈေးကွက်အရောင်းအဝယ်ဖြစ်မှု အခြေ အနေတို့ကို စုစည်းဖော်ပြလိုက်သည်-
နှမ်း
ဖေဖော်ဝါရီလစတုတ္ထပတ်တွင် နှမ်းနီတစ်တင်းလျှင် ကျပ် ၁၁၅၀ဝ၀၊ နှမ်းဖြူတစ်တင်းလျှင် ကျပ် ၁၂၈၀ဝ၀၊ နှမ်း နက် (စမုန်)တစ်တင်းလျှင် ကျပ် ၂၅၀ဝ၀ဝ၊ နှမ်းညိုကျား တစ် တင်းလျှင် ကျပ် ၁၀၂၀ဝ၀ ဖြစ်၍ ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး တစ်ပတ်အတွင်း မကွေးမြို့မှ မန္တလေးမြို့သို့ နှမ်းအိတ်ရေ ၅၀ဝ တန်ချိန်အားဖြင့် တန် ၇၀ ခန့်တင်ပို့အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရသည်။
ကုလားပဲ
ကုလားပဲ(ူံ) တစ်တင်းလျှင် ကျပ် ၇၅၀ဝ၀၊ ကုလားပဲ (929) တစ်တင်းလျှင် ကျပ် ၇၅၅၀ဝ ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိပြီး ယခင်တစ်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ကုလားပဲ (V2) ကျပ် ၄၀ဝ၀၊ ကုလားပဲ(929) ကျပ် ၄၅၀ဝ ဈေးကျခဲ့ ကြောင်း၊ ဒေသတွင်း ကုလားပဲစိုက်ပျိုးရာသီချိန်ဖြစ်၍ အရောင်းအဝယ်အေးနေပြီး လက်ကျန်ပဲများသာ အရောင်း အဝယ်ဖြစ်နေကြောင်း၊ တစ်ပတ်အတွင်း မကွေးမြို့မှ ရန်ကုန် မြို့သို့ အိတ်ရေ ၂၀ဝ၀ တင်ပို့ခဲ့ပြီး တန်ချိန်အားဖြင့် တန် ၂၀ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
ပဲလွမ်းဝါ
ပဲလွမ်းဝါ တစ်တင်းလျှင် ကျပ် ၇၅၀ဝ၀ ဖြင့် အရောင်း အဝယ် ဖြစ်လျက်ရှိကာ ဈေးနှုန်းတည်ငြိမ်ပြီး တစ်ပတ်အတွင်း မကွေးမြို့မှ မန္တလေးမြို့သို့ အိတ်ရေ ၁၀ဝ၀ တင်ပို့ခဲ့ပြီး တန် ချိန်အားဖြင့် တန်၅၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရ သည်။
မတ်ပဲ
မတ်ပဲတစ်တင်းလျှင် ကျပ် ၉၆၀ဝ၀ ဖြင့် အရောင်း အဝယ် ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ် ပါက ကျပ် ၁၅၀ဝ၀ ဈေးနှုန်းမြင့်တက်လာကြောင်း၊ တစ်ပတ် အတွင်း မကွေးမြို့မှ ရန်ကုန်မြို့သို့ အိတ်ရေ ၇၀ဝ တင်ပို့ခဲ့ပြီး တန်ချိန် အားဖြင့် တန် ၅၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
ပဲစင်းငုံ
ပဲစင်းငုံနီတစ်တင်းလျှင် ကျပ် ၁၀ဝ၀ဝ၀ ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါ က ကျပ် ၇၀ဝ ဈေးနှုန်းမြင့်တက်လာကြောင်း၊ ပဲစင်းငုံ အသစ် များ အရောင်းအဝယ်သွက်လျက်ရှိပြီး ဈေးကောင်းရလျက်ရှိ ကြောင်း၊ တစ်ပတ်အတွင်း မကွေးမြို့မှ ရန်ကုန်မြို့သို့ အိတ်ရေ ၁၁၀ဝ၀ တင်ပို့ခဲ့ပြီး တန်ချိန်အားဖြင့် တန် ၁၀ဝ၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
ရဲမင်းသာ (မကွေး)
