အင်ဒိုနီးရှားနိုင်ငံ၏ ရေကြောင်းနှင့်ငါးလုပ်ငန်းဝန်ကြီးဌာန KKP သည် ပင်လယ်စာ ပြည်ပတင်ပို့မှုအား အားကောင်းစေရန် ၂၀၂၆ ခုနှစ် မဟာဗျူဟာတစ်ရပ်ကို ထုတ်ဖော်ပြသခဲ့သည်။ ၎င်း သည် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အမေရိကန်နှင့် ဥရောပ သမဂ္ဂ (န့) တို့၏ အသိအမှတ်ပြု လက်မှတ်ဆိုင်ရာ သတ်မှတ်ချက် အသစ်များနှင့် ကိုက်ညီစေရန် ကူညီပေးမည်ဖြစ်ပြီး ကမ္ဘာ့ဈေးကွက် သို့ ချဲ့ထွင်နိုင်ရန် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သိရ သည်။
ပင်လယ်စာထုတ်ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ရေးဦးစီး ဌာန (PDSPKP) မှ ဈေးကွက်ရှာဖွေရေးဒါရိုက်တာ Erwin Dwiyana ၏ ဖမ်းဆီးရမိမှု လက်မှတ် Catch Certificate)၊ ပြုပြင်ထုတ် လုပ်မှုဆိုင်ရာ ထုတ်ပြန်ချက် စည်းမျဉ်းများနှင့် အမေရိကန်၏ ကုန် ပစ္စည်းလက်ခံနိုင်မှု လက်မှတ် (Certificate of Admissibility) သတ် မှတ်ချက်များကို လိုက်နာဆောင်ရွက်ရာတွင် တင်ပို့သူများကို ဝန်ကြီး ဌာနက ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ဝန်ကြီးဌာနသည် အမေရိကန်အမျိုးသား သမုဒ္ဒရာနှင့် လေထုအုပ်ချုပ်ရေးဌာန NOAA ၏ စည်းမျဉ်းအသစ်များကြောင့် ပို့ကုန်ကြန့်ကြာမှုများ မဖြစ်ပေါ်စေရန်အတွက် အင်ဒိုနီးရှား၏ ပိုက် ဖြင့်ဖမ်းဆီးသော ကဏန်းများ (Gillnet-caught crab)) ကို အမေရိကန် က အတည်ပြုပေးရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။ အခြားသော လုပ်ဆောင်ချက်များတွင် ကုန်သွယ်ရေးမစ်ရှင်များ စေလွှတ်ခြင်း၊ နိုင်ငံတကာတွင် ထုတ်ကုန်များကို အရောင်းမြှင့်တင်ခြင်းနှင့် စီးပွား ရေးလုပ်ငန်းရှင်ချင်း ချိတ်ဆက်ပေးသည့်ပွဲများ((Business Matching) ကျင်းပခြင်းတို့ ပါဝင်သည်။
တင်ပို့သူများအနေဖြင့် အင်ဒိုနီးရှား-ဂျပန် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု သဘောတူညီချက် IJ-EPA) အရ ၂၀၂၆ ခုနှစ် ပထမ သုံးလပတ် Q1) အပြီးတွင် အကောင်အထည်ဖော်မည့် ပြုပြင်ပြီး တူနာငါးနှင့် ငါးကွမ်းရှပ်များအတွက် "သုညရာခိုင်နှုန်း အခွန်နှုန်း ထား" (Zero-percent Tariffs) ကို အသုံးချရန် တိုက်တွန်းထားသည်။ မြောက်အမေရိက၊ တောင်အာရှ၊ အရှေ့ အလယ်ပိုင်း၊ ယူရေးရှားနှင့် လက်တင်အမေရိကရှိ မိတ်ဖက်နိုင်ငံများနှင့်လည်း အခွန်နှုန်းထား လျှော့ချရေးအတွက် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
၂၀၂၅ ခုနှစ်တွင် အင်ဒိုနီးရှား၏ ပင်လယ်စာ တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၆ ဒသမ ၂၇ ဘီလီယံအထိ ရှိခဲ့ပြီး ယခင်နှစ် ထက် ၅ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ အမေရိကန်နိုင်ငံ သည် အင်ဒိုနီးရှားအတွက် အကြီးဆုံး ဈေးကွက်ဖြစ်ပြီး ပို့ကုန်တန်ဖိုး ဒေါ်လာ ၁ ဒသမ ၉၉ ဘီလီယံရှိကာ ၎င်းအနက် ဒေါ်လာ ၁ ဒသမ ၈၇ ဘီလီယံမှာ ပုစွန်တင်ပို့မှုမှ ရရှိခြင်းဖြစ်သည်။ အမျိုးသားစာရင်း အင်းဌာန (BPS) ၏ အဆိုအရ ၂၀၂၅ ခုနှစ်တွင် အင်ဒိုနီးရှား၏ ငါး လုပ်ငန်း ကုန်သွယ်မှုပိုလျှံမှု Trade Surplus) မှာ ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံရှိခဲ့ပြီး ယခင်နှစ်ထက် ၃ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရသည်။
Source : Antara
ဟန်ကိုကျော်၊ DOCA(ရန်ကုန်)
