Main menu

Background

ပြည်တွင်း နို့ထွက်ပစ္စည်း ထုတ်လုပ်မှု မြှင့်တင်ရန် ကမ္ဘောဒီးယားနှင့် မလေးရှားတို့ လက်မှတ်ရေးထိုး

Thu, 03/05/2026 - 10:18 -- journal_editor

ကမ္ဘောဒီးယား စိုက်ပျိုးရေးကုမ္ပဏီ DP Majas Chamkar Co., Ltdသည် မလေးရှားနိုင်ငံမှ Jemaluang Dairy Valley Sdn. Bhdနှင့် အမေ ရိကန်ဒေါ်လာ ၁၀ သန်းတန် ပေါင်းစပ်နို့ထွက်ပစ္စည်းခြံနှင့် ပြုပြင်ထုတ် လုပ်ရေးစက်ရုံတစ်ခု တည်ထောင်ရန် သမိုင်းဝင်မိတ်ဖက်အဖြစ် လက် မှတ်ရေးထိုးခဲ့ပြီး နိုင်ငံ၏ ပြည်ပတင်သွင်းမှုအပေါ် အလွန်အမင်း မှီခို အားထားမှုကို လျှော့ချရန် ရည်ရွယ်ထားကြောင်း သိရသည်။
နားလည်မှုစာချွန်လွှာ (MoU) ကို ဖေဖော်ဝါရီ ၇ ရက်တွင်Hyatt Regency Phnom Penh ၌ အပြီးသတ် လက်မှတ်ရေးထိုးခဲ့သည်။ လက် မှတ်ရေးထိုးပွဲအခမ်းအနားသို့ DP Majas Chamkar CEO Tieng Phalla  နှင့်hf Jemaluang Dairy Valley တို့ တက်ရောက်ခဲ့ပြီး DP Majas Chamkar ၏ ဘုတ်အဖွဲ့ ဥက္ကဋ္ဌ Neak Oknha Mam Vandy  လည်း တက်ရောက်ခဲ့သည်။
၎င်းစီမံကိန်းသည် ကမ္ဘောဒီးယားတွင် ဝယ်လိုအား မညီမျှမှုကို ဖြေရှင်းရန် ရည်ရွယ်သည်။ ပြည်တွင်းတွင် လတ်ဆတ်သော နို့ထွက် ပစ္စည်းအပေါ် စိတ်ဝင်စားမှု မြင့်တက်လာသော်လည်း ဈေးကွက်ကို နိုင်ငံခြားအမှတ်တံဆိပ်များမှ အဓိက ဝန်ဆောင်မှုပေးနေဆဲဖြစ်သည်။ စီမံကိန်းကို စတင်ရန် မိတ်ဖက်အဖွဲ့အစည်းများသည် သြစတြေးလျမှ နို့စားနွား အကောင်ရေ ၅၀ဝ ကောင်ဝယ်ယူရန် ဆောင်ရွက်ထားသည်။
DP Majas Chamkar သည် ဒေသတွင်း  မွေးမြူရေးကဏ္ဍတွင် အရေးပါသူတစ်ဦးဖြစ်ပြီးKampong Chhnaung ပြည်နယ်ရှိ ၎င်း၏စက်ရုံ တွင် ဂျပန်Wagyu၊ သြစတြေးလျ Angus ၊ အမေရိကန် Brahman နှင့် ပြင်သစ် Charolais များအပါအဝင် အရည်အသွေးမြင့် အမဲသား  ပိဿာ ၃၀ဝ၀ ကျော်ကို စီမံခန့်ခွဲလျက်ရှိသည်။
ယင်းစီမံကိန်းသည် အစိုးရကျောထောက်နောက်ခံပြုထားသော ရှယ်ယာပိုင်ဆိုင်သည့် မလေးရှားကုမ္ပဏီ Jemaluang Dairy Valley ၏ နည်းပညာကျွမ်းကျင်မှုကို အသုံးပြုမည်ဖြစ်သည်။Jemaluang မွေးမြူရေး ခြံကို နွားလေးကောင်မွေးမြူရေးခြံမှ ကောင်ရေ ၅၀ဝ၀ အထိ တိုးချဲ့လုပ် ကိုင်ခဲ့သူ ျှျေနာ ဗအျေ့ညေ က ကမ္ဘောဒီးယား စက်ရုံသည် ဇီဝလုံခြုံရေးနှင့် အဆင့်မြင့် အခြေခံအဆောက်အအုံများကို ဦးစားပေးမည်ဟု ပြောကြား ခဲ့သည်။
အဆိုပါ ဖက်စပ်လုပ်ငန်းသည် စိုက်ပျိုးရေးကဏ္ဍကို ခေတ်မီအောင် ပြုလုပ်ရန်နှင့် အမျိုးသား ကုန်သွယ်ရေးလိုငွေပြမှုကို လျှော့ချရန် ကမ္ဘော ဒီးယားအစိုးရ၏ ပိုမိုကျယ်ပြန့်သော စီးပွားရေးအမြင်နှင့် ကိုက်ညီသည်။ စက်ရုံအသစ်သည် ယခုနှစ် နှောင်းပိုင်းတွင် ထုတ်လုပ်မှုများ စတင်နိုင်မည် ဟု မျှော်လင့်ထားကြောင်း သိရ သည်။
Source VN (Express)

 

ကျော်မြင့်ဦး၊ DOCA (ရန်ကုန်)