Main menu

Background

ကမ္ဘာ့စီးပွားရေး ရစေီးကြောင်းသစ်နှင့်အတူ ပြောင်းလဲလာသော ကုန်သွယ်ရေးအခင်းအကျင်း

Tue, 06/09/2026 - 14:46 -- journal_editor

ရှေ့ဆက်ရမည့် စီးပွားရေးအခန်းကဏ္ဍသစ်
၂၀၂၆ ခုနှစ် ဧပြီ ၂၉ ရက်တွင် အမေရိကန် ကွန်ကရက်လွှတ်တော်၌ ပြောကြားခဲ့သည့်  ဗြိတိန်ဘုရင် ချားလ်စ်(၃)၏  သမိုင်းဝင်မိန့်ခွန်းသည် နိုင်ငံရေးနှင့် သံတမန်ရေးရာကိစ္စရပ်များသာမက   ပြောင်း လဲလာနေသည့် "ကမ္ဘာ့စီးပွားရေး ရေစီးကြောင်းသစ်" ကိုပါ ထည့် သွင်း  မီးမောင်းထိုးပြခဲ့သည်။  အဆိုပါမိန့်ခွန်းတွင်  အနာဂတ်ကုန် သွယ်ရေးကဏ္ဍ၌ အရေးပါလာမည့်အချက်များနှင့်  ကြိုတင်သတိပြု ပြင်ဆင်ထားရမည့်  မဟာဗျူဟာမြောက်   အယူအဆများ   ပါဝင်နေ သည့်အတွက်   စီးပွားရေးရှုထောင့်မှ   လေ့လာသင့်သော  မိန့်ခွန်းတစ် ရပ်ဖြစ်သည်။
မိန့်ခွန်းပါအချက်အလက်များအရ AI နှင့်Quantum Compu-ting ကဲ့သို့သော အဆင့်မြင့်နည်းပညာများသည်  "ရှေ့ဆက်ရမည့် စီးပွားရေးအခန်းကဏ္ဍသစ်" အဖြစ် ဖော်ပြသွားခဲ့သည်။ ယခင်က ကုန်သွယ်ရေးကို ဆန်၊  ပဲ၊ အထည် အလိပ်စသည့် ရုပ်ဝတ္ထုပစ္စည်းများကို သင်္ဘောတင်ပို့မှုအဖြစ်သာ ရှုမြင်ခဲ့ကြသော်လည်း   ယခုအခါတွင် ဒေတာ(Data)နှင့် နည်းပညာ (Technology)ကို ရောင်းဝယ်ခြင်းမှာ ပိုမိုအရေးပါသော အခန်းကဏ္ဍသို့  ရောက်ရှိလာပြီဖြစ်သည်။
စီးပွားရေးအားနည်းသည့်  နိုင်ငံငယ်များအတွက် အဆိုပါနည်း ပညာသစ်များကို  အခြေခံမှစတင်၍ တီထွင်နိုင်ရန် စိန်ခေါ်မှုများ ရှိနိုင်သော်လည်း  ၎င်းတို့ကို  လက်တွေ့အသုံးချ၍   စမတ်စိုက်ပျိုးရေး (Smart Farming)  နှင့်   ဒစ်ဂျစ်တယ်ဈေးကွက်ရှာဖွေရေး (Digital Marketing)  ကဏ္ဍများတွင် ထိရောက်စွာ အကောင်အထည်ဖော်နိုင်ပါက   စီးပွားရေး အခွင့်အလမ်းသစ်များ ပေါ်ထွန်းလာနိုင်မည်ဖြစ်သည်။
အဆိုပါမိန့်ခွန်းတွင် အထူးခြားဆုံးနှင့် စိတ်ဝင်စားဖွယ် အကောင်းဆုံးအချက်မှာ "သဘာဝတရား၏  ကိုယ်ပိုင်စီးပွားရေးစနစ်" (Nature’s  Own Economy)  ဟူသော အသုံးအနှုန်းပင်ဖြစ်သည်။ ၎င်းသည် သစ်တောများနှင့် သဘာဝပတ်ဝန်းကျင်ကို အလှအပအဖြစ် ကြည့်ရှုရန် သက်သက်မဟုတ်ဘဲ  နိုင်ငံတစ်နိုင်ငံ၏  ချမ်းသြွာကယ်ဝမှုနှင့်   လုံခြုံရေးအတွက်  ခိုင်မာသော အခြေခံအုတ်မြစ်ဖြစ်ကြောင်း အလေးအနက် သတိပေးဖော်ပြနေခြင်းဖြစ်သည်။  ဤအယူအဆနှင့် ဆက်စပ်၍  ယနေ့ကမ္ဘာ့ဈေးကွက်ကို လေ့လာပါက "စိမ်းလန်းသော ကုန် သွယ်မှု" (Green Trade) စံနှုန်းများမှာ သိသိသာသာ အရှိန်အဟုန်ဖြင့်  ပေါ်ပေါက်လာနေသည်ကို တွေ့ရှိရမည်ဖြစ်သည်။
ခေတ်သစ်ကုန်သွယ်ရေး
သာမန်အားဖြင့်  ကြည့်မည်ဆိုပါက  နိုင်ငံတကာကုန်သွယ်မှုနှင့် ပတ်သက်၍ "ဘာတွေ ရောင်းနေတာလဲ"ဟုမေးလျှင် ဆန်၊ ရေထွက်ကုန်နှင့် သယံဇာတ စသည့်သဘာဝကုန်ကြမ်းများကိုသာ ရောင်းဝယ်ကြသည့်   သမားရိုးကျပုံစံကို လူအများက ပြေးမြင်တတ်ကြသည်။ သို့သော် ယနေ့ခေတ်  ကမ္ဘာ့စီးပွားရေးနယ်ပယ်တွင်   ကုန်ကြမ်းပစ္စည်းများကို အလုံးအရင်းနှင့်  တင်ပို့ရောင်းချခြင်းထက် ပိုမိုနက်နဲ ရှုပ်ထွေးပြီး တန်ဖိုးမြှင့်ထုတ်ကုန်များကို အဓိကထားသည့်  "ခေတ်သစ် ကုန်သွယ်ရေး" (Modern Trade) စနစ်သို့ အရှိန်အဟုန်ဖြင့် ကူးပြောင်းနေပြီဖြစ်သည်။
ယနေ့ခေတ် ကုန်သွယ်ရေးအခင်းအကျင်းသည် အရှိန်အဟုန်ဖြင့် ပြောင်းလဲနေပြီး  လုပ်ငန်းရှင်များအနေဖြင့်  ဤအပြောင်းအလဲကို ကြိုတင်ပြင်ဆင်နိုင်ခြင်းမရှိပါက သမားရိုးကျ အရောင်းအဝယ်စနစ် ဟောင်းထဲတွင်သာ ပိတ်မိနေပြီး  ကမ္ဘာ့ဈေးကွက်၏ ပြင်ပသို့ ရောက် ရှိသွားနိုင်သည့်  စိန်ခေါ်မှုနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ထို့ကြောင့် ခေတ်သစ်ကုန်သွယ်ရေးနယ်ပယ်တွင်   ခိုင်မာစွာ    ရပ်တည်နိုင်ရန် အတွက် အလေးထား သိရှိထားရမည့် အမြင်သစ်များနှင့် လုပ် ငန်းရှင်များအတွက်  ဦးစားပေးကြိုတင်ပြင်ဆင်သင့်သည့်  အစီအမံများကို  နားလည်သိမြင်ထားရန် လိုအပ်သည်။
ကုန်ကြမ်းသက်သက်ထက် ညဏ်ရည်ကို ထည့်သွင်းကုန်သွယ်ခြင်း
ယနေ့ခေတ် ကမ္ဘာ့စီးပွားရေးနယ်ပယ်တွင် ကုန်ကြမ်းသက်သက်ကိုသာ ရောင်းချခြင်းထက် "ညဏ်ပညာကုန်သွယ်မှု"(Intellig-ence Trade)  ကို အလေးပေးဆောင်ရွက်ခြင်းက   ပိုမိုအရေးပါလာပြီ ဖြစ်သည်။  ဥပမာအားဖြင့် စိုက်ပျိုးထုတ်လုပ်သူအချို့အတွက် မိမိတို့ ၏ လယ်ယာထွက်ကုန်  ပဲတစ်တန်ကိုရရှိရန်   ပင်ပင်ပန်းပန်း  စိုက်ပျိုး နေရချိန်တွင်  အခြားသူများက  အဆိုပါသီးနှံကို   ပိုမိုကောင်းမွန်စွာ စိုက်ပျိုးနိုင်မည့်ဒေတာ (Data)၊ ဆန်းသစ်သည့် နည်းပညာ (Techno-logy) နှင့်  ထိရောက်သော ဈေးကွက်ရှာဖွေရေး အိုင်ဒီယာ (Idea) များကိုသာ ရောင်းချခြင်းဖြင့်  ကုန်ကြမ်းတန်ပေါင်းများစွာထက်  သာလွန်သောဝင်ငွေနှင့် အကျိုးအမြတ်ကို ဖန်တီးယူနေကြသည်။ 
ထို့ကြောင့် စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအနေဖြင့်  သာမန် ''ပစ္စည်း'' ကိုသာ  အားကိုးရောင်းချနေသည့် အစဉ်အလာမှ ရုန်းထွက်ပြီး  ကုန်ပစ္စည်းများအတွင်းသို့  နည်းပညာနှင့် စနစ်တကျ လုပ်ဆောင်မှုများကို  ပေါင်းစပ်ကာ တန်ဖိုးမြှင့် (ဠေူကန-ေိနိ) ထုတ် ကုန်များအဖြစ် ပြောင်းလဲနိုင်ရန်   ပြင်ဆင်ကြရမည်ဖြစ်သည်။
သဘာဝတရားကို  စီးပွားရေးအခြေခံအဆောက်အအုံအဖြစ်ရှုမြင်ခြင်း
ယခင် သဘာဝပတ်ဝန်းကျင်ကို  ထုတ်ယူသုံးစွဲရမည့်  သယံ ဇာတအဖြစ်သာ  ရှုမြင်ခဲ့ကြသော်လည်း ယနေ့ခေတ်သစ် စီးပွားရေး တွင်  ]သဘာဝကပေးသော အခြေခံအဆောက်အအုံ}  (Natures Infrastructure) ဟူသော  အယူအဆသစ်ဖြင့် အစားထိုးလာပြီဖြစ် သည်။ ဤပြောင်းလဲမှုသည် သဘာဝတရားကို ဖျက်ဆီး၍ ကုန်စည် ထုတ်လုပ်ခြင်းထက်  သဘာဝကို   ထိန်းသိမ်းခြင်းဖြင့်  ရေရှည်တည်တံ့ သော  တန်ဖိုးဖန်တီးမှုကို   ဦးစားပေးလာသည်။   အထူးသဖြင့်  ကမ္ဘာ့ ဈေးကွက်ကြီးများတွင်  ထုတ်ကုန်တစ်ခု၏ အရည်အသွေးထက် ပတ် ဝန်းကျင်အပေါ် ထိခိုက်မှု  ရှိ၊ မရှိဆိုသောစံနှုန်းမှာ  အဓိက ဆုံးဖြတ် ချက်ဖြစ်လာပြီး  သစ်ပင်များကို  မခုတ်ဘဲ ထိန်းသိမ်းခြင်းဖြင့် ဝင်ငွေ ရရှိစေသည့် ]ကာဗွန်ခရက်ဒစ်}  (Carbon Credit)  ကဲ့သို့သော စနစ် များမှာလည်း အားကောင်းလာသည်။ 
ထို့ကြောင့်   ယနေ့ခေတ်တွင်   သဘာဝပတ်ဝန်းကျင်ကို   ထိန်း သိမ်းစောင့်ရှောက်ခြင်းသည်  ပရဟိတလုပ်ငန်းတစ်ခု  သက်သက် မဟုတ်တော့ဘဲ    စီးပွားရေးအရ   အကျိုးအမြတ် ဖြစ်ထွန်းစေသည့် သဘာဝအခြေခံစီးပွားရေး Nature-based Economy) တစ်ခု အဖြစ် ခိုင်မာစွာ ပေါ်ထွက်လာနေပြီဖြစ်သည်။
ကြိုတင်ပြင်ဆင်သင့်သည့်  အစီအမံများ
ခေတ်သစ်ကုန်သွယ်ရေး  ရေစီးကြောင်းတွင်    အောင်မြင်စွာ ပါဝင်နိုင်ရေးအတွက်   လုပ်ငန်းရှင်များအနေဖြင့်  ဦးစွာ  ပြင်ဆင်သင့် သည့် အစီအမံမှာ "စံနှုန်းနှင့် ယုံကြည်မှု" တည်ဆောက်ခြင်းပင်ဖြစ် သည်။  ခေတ်သစ်ဈေးကွက်အတွင်းသို့   ဝင်ရောက်နိုင်ရန်မှာ  ဒစ်ဂျစ်တယ်ခြေရာခံစနစ်  (Digital Traceability)ကို  ကျင့်သုံးနိုင်မှုအပေါ် များစွာမူတည်နေသည်။ 
ထုတ်ကုန်တစ်ခု၏  မူရင်းဒေသ၊ မျိုးစေ့ အမျိုးအစားနှင့် စိုက် ပျိုးထုတ်လုပ်မှု မှတ်တမ်းများကို ဒစ်ဂျစ်တယ်စနစ်ဖြင့် စနစ်တကျ ထိန်းသိမ်းနိုင်ခြင်းသည်  နိုင်ငံတကာဈေးကွက်အတွက် အရေးပါသော "ဝင်ခွင့်လက်မှတ်"ပင် ဖြစ်သည်။ ထို့ပြင်   ဒစ်ဂျစ်တယ် ကျွမ်းကျင်မှု(Digital Literacy) မြှင့်တင်ရာတွင်   အီးမေးလ်အသုံးပြုရုံမျှ မကဘဲ ဗှု နည်းပညာများဖြင့် ဈေးကွက်ဒေတာများကို ခွဲခြမ်းစိတ် ဖြာခြင်းနှင့်   လုပ်ငန်းဆိုင်ရာ   အချက်အလက်များကို စနစ်တကျ စုဆောင်းစီမံခြင်းတို့ကိုပါ   ထိရောက်စွာ  လုပ်ဆောင်နိုင်ရမည်ဖြစ် သည်။
စိမ်းလန်းသော ကုန်ထုတ်လုပ်မှု(Green Production) ဖြစ်ထွန်း လာစေရန်အတွက်   သဘာဝပတ်ဝန်းကျင်အပေါ်   ထိခိုက်မှုအနည်းဆုံးဖြစ်စေမည့် စိုက်ပျိုးထုတ်လုပ်မှုစနစ်များသို့  အသွင်ကူးပြောင်းရန် လိုအပ်သည်။  ထို့ပြင်  ဈေးကွက်ဝေစုပိုမိုရရှိပြီး  တန်ဖိုးမြှင့်ဈေးကွက် များသို့   တင်ပို့နိုင်ရန်အတွက်   နိုင်ငံတကာအသိအမှတ်ပြုGreen သို့မဟုတ် Eco  Certificates  များ  ရရှိရေးကိုလည်း    ကြိုးပမ်းဆောင် ရွက်ရမည်ဖြစ်သည်။ 
တစ်ဆက်တည်းတွင် ကုန်ထုတ်လုပ်မှုနှင့် ဈေးကွက်ရှာဖွေရေး လုပ်ငန်းစဉ်များ၌ ဗှု နှင့် ဒစ်ဂျစ်တယ်နည်းပညာများကို  မဖြစ်မနေ ထည့်သွင်းအသုံးချရမည်ဖြစ်ရာ  စိုက်ပျိုးရေးကဏ္ဍတွင်  ခေတ်မီပြည့် စုံသော  ဆည်မြောင်း စနစ် (Smart Irrigation) ကျင့်သုံးခြင်းနှင့် ကုန် သွယ်ရေးကဏ္ဍတွင် ဒစ်ဂျစ်တယ်ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက် စနစ် (Digital Supply Chain) များ  အသုံးပြုခြင်းတို့ဖြင့် လုပ်ငန်းစွမ်းဆောင်ရည်ကို  မြှင့်တင်ရမည်ဖြစ်သည်။ 
ရေရှည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကုန်ကြမ်းတင်ပို့မှုထက် တန်ဖိုးမြှင့်ကုန်ချော(Value-added Product)နှင့် ကိုယ်ပိုင် အမှတ်တံဆိပ် (Brand)များ    ထုတ်လုပ်သည့်   တန်ဖိုးမြင့်စီးပွားရေးစနစ်သို့ ကူးပြောင်းရမည်ဖြစ်သည်။ ထို့ပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု မှတစ်ဆင့်  ကာဗွန်ခရက်ဒစ်f(Digital Supply Chain) ရောင်းချပြီး ဝင်ငွေ တိုးပွားနိုင်မည့်   အခွင့်အလမ်းများကိုလည်း   နိုင်ငံတကာမဟာမိတ် များနှင့်  ပူးပေါင်းဖော်ဆောင်ရန် ပြင်ဆင်ထားသင့်သည်။
ယနေ့ခေတ်  ကမ္ဘာ့ကုန်သွယ်ရေးသည်  အရေအတွက်ထက် အရည်အသွေးနှင့်  နည်းပညာကို   ပိုမိုဦးစားပေးလာသည့် Smart Trade aခေတ်သို့ ကူးပြောင်းနေပြီဖြစ်သည်။ Smart Tradeသို့ ကူး ပြောင်းရာတွင်  နည်းပညာပံ့ပိုးမှု၊ ခိုင်မာသောဥပဒေနှင့်  လူသား အရင်းအမြစ် ဖွံ့ဖြိုးမှုဟူသော မဏ္ဍိုင်သုံးရပ်ကို ဟန်ချက်ညီညီ ဖော် ဆောင်ခြင်းဖြင့် ကုန်သွယ်မှုကုန်ကျစရိတ်များကို လျှော့ချနိုင်ပြီး နိုင်ငံ တကာဈေးကွက်တွင်  ယှဉ်ပြိုင်နိုင်စွမ်း ပိုမိုမြင့်မားလာမည်ဖြစ် သည်။ ကုန်ကြမ်းတင်ပို့မှု  သက်သက်အပေါ် အားကိုးနေရသည့် အခြေအနေ မှ  ရုန်းထွက်ကာ   ခေတ်သစ်စီးပွားရေး၏"ညဏ်ရည်နှင့် "စနစ်"များ ကြားတွင်   ခိုင်မာသောနေရာတစ်ခုရရှိရန်  စနစ်တကျ ကြိုတင်ပြင် ဆင် စီမံဆောင်ရွက်သွားရမည်ဖြစ်သည်။     

ညီညီအောင် (WTO)