Main menu

Background

တရုတ်နိုင်ငံသို့ မြန်မာ့ဒူးရင်းသီး တင်ပို့ရန် GACC တွင် မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်မည်

Thu, 06/11/2026 - 11:23 -- journal_editor

ကမ္ဘာ့ဒူးရင်းသီး ဝယ်လိုအား အမြင့်ဆုံးဖြစ်သည့် တရုတ်နိုင်ငံသို့   မြန်မာ့ဒူးရင်းသီး တင်ပို့နိုင်ရေးအတွက် အကောက်ခွန်အထွေထွ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့  (GACC)  တွင်  မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပြည်တွင်းဒူးရင်းဈေးကွက်တင်ပို့မှုကဏ္ဍတွင် တရုတ် နိုင်ငံ၏ ဒူးရင်းသီးဈေးကွက်ဝေစုရရှိရန် ရည်မှန်းချက်ထား ဆောင်ရွက်နေခြင်းဖြစ်သည်။
မြန်မာ့ဒူးရင်းသီး  ဈေးကွက်အနေဖြင့်  လက်ရှိတွင် ပြည်တွင်းစားသုံးမှုကို မှီခိုနေရခြင်းဖြစ်သော်လည်း လာမည့်  ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ တင်ပို့နိုင်ရေး ကြိုးပမ်းနေခြင်းဖြစ်သည်။
အာဆီယံဒေသတွင်း ဒူးရင်းတင်ပို့ရာတွင် မြန်မာနိုင်ငံ အနေဖြင့်လည်း စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်သစ်ဖော် ဆောင်မှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။ 
မြန်မာ့ဒူးရင်းအနေဖြင့် မွန်၊ ကရင်နှင့် တနင်္သာရီဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းပြီး မေ၊ ဇွန်၊ ဇူလိုင်လတို့တွင် ဒူးရင်းသီး လှိုင်လှိုင်ထွက်ရှိကြောင်း သိရသည်။                    

   ကိုတိုး