မိတ္ထီလာဈေးကွက်အတွင်း ဆီထွက်သီးနှံများဖြစ်သည့် နှမ်း၊ မြေပဲ၊ နေကြာများကို ရာသီချိန်တွင် ဒေသတွင်းဆီကြိတ်စက်များနှင့် ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြကြောင်း၊ တိရစ္ဆာန်အစာ ဝယ်လိုအားရှိ၍ ဆီကြိတ်စက်များမှာပိုမိုကြိတ်ခွဲထုတ်လုပ်လာ ပြီးထွက်ရှိသော ဆီများကို ဒေသတွင်းစားသုံးမှုအပြင် အခြားဒေသများသို့လည်း တင်ပို့ရောင်းချကြောင်း သိရသည်။
ဇွန်လစတုတ္ထပတ်တွင် ဈေးကွက်အတွင်းဖြစ်ပေါ်နေသော စားသုံးဆီဈေးနှုန်းများမှာ မြေပဲဆီတစ်ပိဿာလျှင် ကျပ် ၁၉၀ဝ၀၊ နှမ်းဆီတစ်ပိဿာလျှင် ကျပ် ၁၅၀ဝ၀-၁၆၀ဝ၀၊ နေကြာဆီတစ်ပိဿာလျှင် ကျပ် ၂၂၅၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့် ကာလတူ နှိုင်းယှဉ်လျှင် မြေပဲဆီတစ်ပိသာလျှင် ကျပ် ၁၀ဝ၀၊ နှမ်းဆီတစ်ပိဿာလျှင် ကျပ် ၂၀ဝ၀၊ နေကြာဆီ တစ်ပိဿာလျှင် ကျပ် ၅၀ဝ ဈေးနှုန်းကျဆင်းလာ ကြောင်းနှင့် ဈေးနှုန်းကျဆင်းလာရခြင်းမှာ ကုန်ကြမ်းဈေး အနည်းငယ် ကျဆင်းလာခြင်းကြောင့်ဖြစ်သည်ဟု သိရသည်။
မိတ္ထီလာဈေးကွက်တွင် ပြည်ပပို့ကုန် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး ပွဲရုံများ၌ တစ်ပတ်လျှင် ကုန်ချိန် ၁၅၀ တန် ခန့်ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
ဈေးကွက်အတွင်း ဇွန်လစတုတ္ထပတ်တွင် ပွဲရုံများ၌ ကြက်သွန်နီ လက်ကား တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀-၃၅၀ဝ ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ကြက်သွန်နီ လက်လီတစ်ပိဿာလျှင် ကျပ် ၄၀ဝ၀ ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့် ကာလတူ နှိုင်းယှဉ် လျှင် ကြက်သွန်နီ လက်ကားတစ်ပိဿာလျှင် ကျပ် ၁၀ဝ၀၊ လက်လီတစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ ခန့် မြင့်တက်လာကြောင်း ဈေးနှုန်းမြင့်တက်လာ ရခြင်းမှာ ပြည်ပဝယ်လက်များခြင်းနှင့် လက်ကျန်နည်းလာခြင်းကြောင့် ဖြစ်သည်ဟုသိရသည်။
ဈေးကွက်အနေဖြင့် ကြက်သွန်နီကို ဒေသတွင်းရှိ တန်ဖိုးမြင့်ထုတ်ကုန် ကြက်သွန်ကြော်လုပ်ငန်းများတွင် အသုံးပြုမှုအပြင် ပြည်တွင်းရှိ ရန်ကုန်၊ ပဲခူး၊ တာချီလိတ်၊ မိုင်းလား၊ မော်လမြိုင်မြို့များသို့ တစ်ပတ်လျှင် ကုန်ချိန် ၁၃၀ တန်ခန့် တင်ပို့လျက်ရှိကြောင်း၊ ကြက်သွန်နီပွဲရုံများမှ သိရသည်။
MDYDOCA (မြို့ရီ)
