တရုတ်စားသုံးသူများက ဒေသထွက်ဆန်များကို ဝယ်ယူကြခြင်းကြောင့် ဆန်ဈေးနှုန်းကိုတည်ငြိမ်စေပြီး ကျေးလက်လယ်သမားများ၏ လူနေမှုဘဝကို မြှင့်တင်ပေးနိုင်ခဲ့ကြောင်း ကမ္ဘောဒီးယားဆန်စပါးစိုက်ပျိုးသူ လယ်သမားတစ်ဦးဖြစ်သည့် Roeu Chamroeun က ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်း Banan ခရိုင်ရှိ ၎င်း၏ စိုက်ပျိုးမြေတွင် Phka Romduol နှင့် Phka Malis မွှေးနံ့သာဆန် အမျိုးအစားများကို စိုက်ပျိုးသည့် အသက်(၅၈)နှစ်အရွယ် အဆိုပါလယ်စိုက်သူတစ်ဦးက တရုတ်နိုင်ငံ ၏ ဆန်ဝယ်ယူမှုများကြောင့် ၎င်း၏မိသားစုနှင့် လုပ်ဖော်ကိုင်ဖက်လယ်သမားများအတွက် တည်ငြိမ်သောဝင်ငွေကို အာမခံချက် ပေးနိုင်ခဲ့ကြောင်းဆိုသည်။
Phka Romduol နှင့် Phka Malis နှစ်မျိုးစလုံးသည် သဘာဝ အမွှေးအကြိုင်၊ နူးညံ့သော အသားနှင့် ထူးကဲသော အရသာတို့ကြောင့် လူသိများပြီး ဆုတံဆိပ်များရရှိထားသည့် ပရီမီယံအဆင့် မြင့် ဆန်ရှည်မွှေးနံ့သာဆန် အမျိုးအစားများ ဖြစ်ကြသည်။
Chamroeun သည် ၎င်း၏ ၉ ဒသမ ၅ ဟက်တာ ကျယ်ဝန်းသော စိုက်ပျိုးမြေမှ နှစ်စဉ် စပါး တန်ချိန် ၅၀ ကျော် ရိတ်သိမ်းထွက်ရှိသည်။ ၎င်း၏သီးနှံများကို ဓာတုဗေဒပစ္စည်းများမသုံးဘဲ သဘာဝအတိုင်း စိုက်ပျိုးထားခြင်းကြောင့် မွှေးပျံ့ပြီး အရသာရှိလှကြောင်း ၎င်းက မှတ်ချက်ပြုခဲ့ သည်။
ကမ္ဘောဒီးယား ဆန်စပါးအဖွဲ့ချုပ် ဥက္ကဋ္ဌLayChhunHour က တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားဆန်ချောများကို အများဆုံးဝယ်ယူသည့် ထိပ်တန်းနိုင်ငံဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ် နိုင်ငံသည် ကမ္ဘောဒီးယားဆန် အထူးသဖြင့် ပရီမီယံ မွှေးနံ့သာဆန် အမျိုးအစားများအတွက် အရေးပါပြီး တန်ဖိုးမြင့်မားသည့် ဈေးကွက်ကြီးတစ်ခုဖြစ်သည်။ ၎င်းသည် ဆန်စပါးကဏ္ဍအတွက် သိသာထင်ရှားသည့် ဝင်ငွေနှင့် တိုးတက်မှုကို တွန်းအားပေးနေလျက်ရှိကြောင်း သိရသည်။
ကျော်မြင့်ဦးDOCA (ရန်ကုန်)၊Source : Xinhua
