Main menu

Background

ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်၏ ပဲမျိုးစုံ ပြည်တွင်းတစ်တန်ဈေးနှုန်းများ

Mon, 07/20/2026 - 14:28 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်၏ ၂၀၂၅ ခုနှစ် နှင့် ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် ပဲမျိုးစုံ ပြည်တွင်းတစ်တန်ဈေးနှုန်းများ နှိုင်းယှဉ်ရာ၌  မတ်ပဲတစ်တန် ဈေးနှုန်းမှာ ၂၀၂၅ ခုနှစ်တွင် ကျပ် ၃၀ဝ၁၀ဝ၀ ရှိရာမှ ၂၀၂၆ ခုနှစ်တွင် ကျပ် ၃၂၃၂၀ဝ၀ သို့လည်းကောင်း၊ ပဲစင်းငုံတစ်တန် ဈေးနှုန်းမှာ ၂၀၂၅ ခုနှစ်တွင် ကျပ် ၂၈၀ဝ၀ဝ၀ ရှိရာမှ ၂၀၂၆ ခုနှစ်တွင် ကျပ် ၃၀၉၅၀ဝ၀ သို့လည်းကောင်း  အသီးသီးဈေးမြင့်တက်သွားပြီး ပဲတီစိမ်းတစ်တန် ဈေးနှုန်းမှာ ၂၀၂၅ ခုနှစ်တွင် ကျပ် ၃၇၈၇၆၀ဝ ရှိရာမှ ၂၀၂၆ ခုနှစ်တွင် ကျပ် ၂၄၆၁၈၀ဝ သို့လည်းကောင်း၊ ပဲလွမ်းဖြူအနေဖြင့် ၂၀၂၅ ခုနှစ်တွင် ကျပ် ၂၈၀၇၈၀ဝ ရှိရာမှ ၂၀၂၆ ခုနှစ်တွင်လည်း ကျပ် ၂၁၄၃၄၀ဝ သို့လည်းကောင်း အသီးသီး ဈေးကျဆင်းလျက်ရှိသည်ကို တွေ့ရှိရသည်။    
လက်ရှိတွင် အိန္ဒိယအစိုးရ  နိုင်ငံခြားကုန်သွယ်မှုအထွေထွေညွှန်ကြားမှုဦးစီးဌာနက  ပဲစင်းငုံနှင့် မတ်ပဲကို လွတ် လပ်စွာ တင်သွင်းခွင့်မူဝါဒကို  ၂၀၂၇ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ သက်တမ်းတိုးလိုက်သည့်အတွက် မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့လျက်ရှိသော ပဲစင်းငုံနှင့် မတ်ပဲတို့အတွက်  ဈေးကွက်အခွင့်အလမ်းများ ဆက်လက်ရရှိနိုင် မည်ဖြစ်ကြောင်း သိရှိရသည်။ တောင်သူများအနေဖြင့်   ပဲမျိုးစုံများအနက်  ပဲစင်းငုံ နှင့်  မတ်ပဲအား   စီးပွားဖြစ်ပိုမိုတိုးချဲ့ စိုက်ပျိုးသင့်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
ဇာစ်မြစ်။    ဘုရင့်နောင်ကုန်စည်ဒိုင်တွင်၂၀၂၅ ခုနှစ် နှင့် ၂၀၂၆ ခုနှစ်တို့၏ ဇူလိုင်လ ၁ ရက်နေ့တွင် ဖြစ်ပေါ်နေသည့် ပဲမျိုးစုံများ၏ အမြင့်ဈေးနှုန်းများအား ကာလတူနှိုင်းယှဉ်ထားခြင်းဖြစ်ပါသည်။