စစ်ကိုင်းတိုင်းဒေသကြီးသည် နိုင်ငံတော်၏ တတိယစပါးကျီတစ်ခုဖြစ်သည့်အတိုင်း ရွှေဘိုခရိုင်သည်လည်း စစ်ကိုင်းတိုင်းဒေသကြီး၏ ပထမစပါးကျီတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ ရွှေဘိုခရိုင်အနေဖြင့် သဖန်းဆိပ်ဆည်ရေသောက် လယ်ဧက ၄ ဒသမ ၄ သိန်းခန့်တွင် ရွှေဘိုပေါ် ဆန်းစပါးကို ဧကသုံးသိန်းခန့် နှစ်စဉ်စိုက်ပျိုးလျက်ရှိသည်။
ရွှေဘိုခရိုင်၌ ဇူလိုင်လ နောက်ဆုံးပတ်တွင် ရွှေဘိုပေါ်ဆန်းစပါး တင်း ၁၀ဝ လျှင် ကျပ် ၅၇၀ဝ၀ဝ၀၊ ရွှေဘိုပေါ်ဆန်းဆန် ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၂၂၅၀ဝ၀ ပေါက်ဈေးဖြင့် ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး ဒေသတွင်းသာမက ပိုလျှံသောဆန်များကို အခြားတိုင်းဒေသကြီးများနှင့် ပြည်နယ်ဒေသအသီးသီးသို့ တင်ပို့ရောင်းချလျက်ရှိသည်။
ယခု၂၀၂၆ခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ရွှေဘိုပေါ်ဆန်းဆန် စီးထွက်မှုမှာ ရန်ကုန်သို့ ၂၂၁၄၈ အိတ်၊ မန္တလေးသို့ ၅၀၃၆ အိတ်၊ နေပြည်တော်သို့ ၇၁၅အိတ်၊ ပဲခူးသို့ ၂၁၀၉ အိတ်၊ ပြည်သို့ ၃၅၅ အိတ်၊ တောင်ငူသို့ အိတ် ၅၀၊ ကျောက်ပန်းတောင်းသို့ အိတ် ၂၃၀၊ မိတ္ထီလာသို့ အိတ် ၅၇၀၊ ကရင်ပြည်နယ် ဘားအံမြို့သို့ ၁၈၉၅ အိတ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)သို့ ၅၂၈၅ အိတ်၊ မွန်ပြည်နယ်သို့ အိတ် ၃၀၃၀၊ မကွေးမြို့သို့ အိတ် ၄၈၀၊ ကချင်ပြည်နယ်သို့ ၈၅၆ အိတ်၊ မူဆယ် သို့ ၄၅ အိတ်၊ ဧရာဝတီတိုင်းဒေသကြီးသို့ ၅၄၅ အိတ် စုစုပေါင်း အိတ်ရေ ၄၃၃၄၉ ၊ တန်အားဖြင့် ၂၁၆၇ တန် စီးထွက်ခဲ့ကြောင်း သိရသည်။
အေးသိင်္ဂီစိုး(ရွှေဘို)
