ပုသိမ်မြို့အတွင်း အရောင်းအဝယ်ဖြစ်နေသာ ဆန်စပါးဈေးနှုန်းမှာ သြဂုတ်လနောက်ဆုံးပတ်၌ ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်း ဈေးကွက်မှသိရသည်၊ သြဂုတ်လ ပထမပတ်အတွင်း ပေါ်ဆန်းစပါးတစ်တင်းလျှင် ကျပ် ၃၂၀ဝ၀-၃၄၀ဝ၀ ဆန်တစ်အိတ်လျှင် ကျပ် ၁၂၅၀ဝ၀-၁၃၀ဝ၀ဝ ဈေးမှ သြဂုတ်လနောက်ဆုံးပတ်တွင် ပေါ်ဆန်းစပါး တစ်တင်းလျှင် ကျပ် ၃၄၀ဝ၀-၃၆၀ဝ၀၊ဆန်တစ်အိတ် ၁၃၅၀ဝ၀-၁၄၀ဝ၀ဝ ဈေးဖြစ်သည့်အတွက် ဆန်တစ်အိတ်လျှင် ကျပ် ၁၀ဝ၀ဝ ဈေးနှုန်း မြင့်တက်လျက်ရှိကြောင်းသိရသည်၊
မနောသုခ၊ မျိုးပွားစပါး တစ်တင်းလျှင် ကျပ် ၁၉၀ဝ၀-၂၀ဝ၀ဝ ဈေး၊ ဆန်တစ်အိတ်လျှင် ကျပ် ၇၅၀ဝ၀-၇၇၀ဝ၀ ဈေးမှ သြဂုတ်လ နောက်ဆုံးပတ်တွင်စပါးဈေးတစ်တင်းလျှင် ကျပ် ၂၁၀ဝ၀-၂၂၀ဝ၀ ဆန်တစ်အိတ်လျှင် ကျပ် ၈၀ဝ၀ဝ - ၈၂၀ဝ၀ ဈေးဖြစ်သွားသည့်အတွက် စပါးတစ်တင်းလျှင် ကျပ် ၂၀ဝ၀ နှင့် ဆန်တစ်အိတ်လျှင် ကျပ် ၅၀ဝ၀ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရသည်၊
သြဂုတ်လဆန်းတွင် ဈေးတန်းနိမ့်သော နွေသီးထပ်ရင် စပါးတစ်တင်းလျှင် ကျပ် ၁၈၀ဝ၀-၁၈၅၀ဝ၊ ဆန်တစ်အိတ်လျှင် ကျပ် ၆၅၀ဝ၀-၆၇၀ဝ၀ ဈေးဖြင့် ရောင်းဝယ်လျက်ရှိရာ သြဂုတ်လနောက်ဆုံးပတ် နွေသီးထပ်ရင်စပါး တစ်တင်းလျှင် ကျပ် ၂၀ဝ၀ဝ-၂၀၅၀ဝ ဈေးဆန်တစ်အိတ်လျှင် ကျပ် ၇၀ဝ၀ဝ- ၇၂၀ဝ၀ ဈေးဖြစ်သည့်အတွက် စပါးတစ်တင်းလျှင် ကျပ် ၂၀ဝ၀ နှင့် ဆန်တစ်အိတ်လျှင် ကျပ် ၅၀ဝ၀ ဈေးနှုန်းမြင့်တက် လျက်ရှိကြောင်း ဆန်အရောင်းဆိုင်နှင့် ဆန်ကုန်သည်များထံမှ သိရသည်၊
ပုသိမ်ဈေးကွက်မှ ဆန်/ဆန်ထွက်ပစ္စည်းများကို ရန်ကုန်နှင့် အထက်အညာဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်၊
မင်းမင်းဦး (ပသ)
