မွန်ပြည်နယ်အတွင်း ဆန်ဈေးကွက်အခြေအနေကို လေ့လာချက်များအရ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ဆန်များစီးဝင်လျက်ရှိပြီ သြဂုတ်လစတုတ္ထပတ်၌ ဆန်ဈေးနှုန်းမှာ အနည်းငယ်မြင်တက်လျက်ရှိကြောင်း သိရသည်။
အခြားတိုင်းဒေသကြီးများမှ မွန်ပြည်နယ်သို့ ဆန်စီးဝင်မှုများမှာ သြဂုတ်လတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ရွှေဘိုပေါ်ဆန်း ၁၈၁၈၁ အိတ်၊ ရန်ကုန်မှ ဧရာဝတီပေါ်ဆန်း ၂၁၅၆၅ အိတ်၊ ပဲခူးနှင့် ရန်ကုန်တို့မှ ဧည့်မထ ၂၁၃၈၅ အိတ်၊ စုစုပေါင်း ၆၁၁၃၁ အိတ်၊ တန်ချိန်အားဖြင့် ၃၀၅၆ တန်ခန့် စီးဝင်ခဲ့သည်။
မွန်ပြည်နယ်၌ သြဂုတ်လ စတုတ္ထပတ်တွင် ဆန်ဈေးနှုန်းမှာ ၁၀၈ ပေါင် ဆန်တစ်အိတ်လျှင် ရွှေဘိုပေါ်ဆန်း ကျပ် ၂၃၆၀ဝ၀ ခန့်၊ ဧရာဝတီပေါ်ဆန်း ကျပ် ၁၆၈၀ဝ၀ခန့်၊ ဧည့်မထ ကျပ် ၈၅၀ဝ၀ခန့်ရှိပြီး သြဂုတ်လ စတုတ္ထပတ်တွင်ဆန်ဈေးနှုန်းမှာ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရသည်။
ဖူးဝေ (မွန်)
