Main menu

Background

ဘဏ္ဍာရေးလောကမှ မူဝါဒများနှင့် ဈေးကွက်အပေါ်ရိုက်ခတ်မှု

Mon, 09/21/2026 - 14:13 -- journal_editor

ကျွန်ုပ်တို့နေ့စဉ်ကြုံတွေ့နေရသည့် ငွေရေးကြေးရေးနှင့် ဘဏ္ဍာရေးလောကကြီးတွင် တင်စားခေါ်ဝေါ်သုံးစွဲလျက်ရှိသော ထင်ရှားသည့်အကောင်လေးကောင်ရှိပါသည်။ယင်းတို့မှာ (က)ချိုးငှက်၊ (ခ)သိမ်းငှက်၊ (ဂ)နွားသိုးနှင့် (ဃ)ဝက်ဝံ တို့ဖြစ်သည်။ ယင်းအကောင်လေးကောင်သည် ဘဏ္ဍာရေးနယ်ပယ်တွင် သီးခြားရပ်တည်နေခြင်းမရှိဘဲ ဆက်စပ်လျက်ရှိသည်။ အထူးသဖြင့်နိုင်ငံတစ်ခု၏စီးပွားရေးမူဝါဒများ၊ ဘဏ္ဍာရေး၊ ငွေရေးကြေးရေးမူဝါဒများ၊ ကုန်သွယ်ရေးမူဝါဒများ၊ စစ်ရေးစသည်တို့နှင့်လည်း ပတ်သက်လျက်ရှိသည်။ သို့ဖြစ်ရာ ယင်းအကောင်လေးကောင်၏ လှုပ်ရှားပုံနှင့် အဓိပ္ပာယ်များကို သိရှိရန်လိုအပ်မည်ဟုထင်သည်။ 
(က)ချိုးငှက်မူဝါဒ (Dovish)။ ။ ဗဟိုဘဏ်တစ်ခုက ဘဏ်အတိုးနှုန်းများ တိုးမြှင့်ခြင်းကို ကြိုက်နှစ်သက်ခြင်းမရှိသည့် မူဝါဒဖြစ်သည်။ အတိုးနှုန်းကို အနိမ့်တွင်သာထားပြီး နိုင်ငံစီးပွားရေး ပြန်လည်နိုးထလာစေရန် ကျင့်သုံးသည့် မူဝါဒဖြစ်သည်။နိုင်ငံ၏ မူဝါဒချမှတ်သူများကတိုင်းပြည်စီးပွားရေးကိုပြန်လည်နိုးထစေရန်ကျင့်သုံးသည့်မူဖြစ်ပြီးပြည်သူများအနေနှင့်ဘဏ္ဍာရေးအဖွဲ့အစည်းများမှ ရယူသည့်ဝန်ဆောင်မှုစရိတ်များသက်သာသွားကာတစ်ဖက်တွင် ကုန်ထုတ် လုပ်မှုစရိတ်များလျော့ကျသွားရန်၊ လူတို့ပိုမိုရင်းနှီမြှုပ်နှံကြစေရန်၊ ပိုမိုသုံးစွဲကြစေရန်၊ မိုမိုထုတ်လုပ်လာကြစေရန်၊ အလုပ်လက်မဲ့များလျော့ကျသွားစေရန် ကျင့်သုံးသည့် မူဝါဒဖြစ်သည်။ ဤစနစ်သည် ဗဟိုဘဏ်အနေနှင့် စီးပွားရေးစနစ် အတွင်းသို့ ငွေကြေးပမာဏ များများထည့်သွင်းကာ ဆကညေအငအအေငလန နျေငညါ ဟုခေါ်သည့် မူဝါဒကို ကျင့်သုံး ခြင်းဖြစ်သည်။
(ခ) သိန်းငှက်မူဝါဒ (Hawkish) ။     ။ သိန်းငှက်မူဝါဒသည် ချိုးငှက်မူဝါဒနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ နိုင်ငံတစ်ခု၏စီးပွားရေးအားကောင်းလာကာ ပြည်သူတို့၏ ဝယ်လိုအားများ အလွန်အမင်းတက်လာချိန်တွင် တစ်ဖက်က ငွေဖောင်းပွမှုနှုန်းက ထက်ကြပ်မကွာ မြင့်တက်လာပြီး နိုင်ငံစီးပွားရေးကို ပြန်လည်ခြိမ်းခြောက်နေသည့် အနေအထားမျိုးကို ထိန်းချုပ်ရန် ကျင့်သုံးသည့်စနစ်ဖြစ်သည်။ ဤအခြေအနေမျိုးတွင် ဗဟိုဘဏ်တစ်ခုအနေဖြင့် နိုင်ငံတွင်ဖြစ်ပေါ်နေ  သည့် ငွေဖောင်းပွမှုနှုန်း Inflation Rate မှာ လက်ရှိအနေအထားတက် ပို၍လျှော့ချရန် လိုအပ်သည်ဟု ယူဆသည့်အတွက် ဘဏ်အတိုးနှုန်းများကို မြင့်တက်သည့်မူဝါဒကို ကျင့်သုံးခြင်းဖြစ်ပါသည်။ quantitative tightening ဟုခေါ်သည့် မူဝါဒကို ကျင့်သုံးခြင်းဖြစ်သည်။
(ဂ) နွားသိုးဈေးကွက် (Bull Market)။ ။ နွားသိုးသည် စတော့ဈေး ကွက်မှလာသည့် ဝေါဟာရတစ်ခုဖြစ်ပြီး စတော့အိပ်ချိန်းတစ်ခုတွင် စတော့ဈေးနှုန်းများ ဆက်တိုက်တက်နေသည့်အခြေအနေကို ရည်ညွှန်းသည်။ စတော့ဈေးနှုန်းများ တက်နေသည့်အချိန်တွင် လူတို့၏သဘာဝအတိုင်း လောဘတက်လာကာဈေးကွက်နောက်သို့ ကောက်ကောက်ပါအောင်လိုက်သွားခြင်းဖြစ်သည်။ တက်ရိပ်မြင်သဖြင့်ဝယ်သည်၊ ဈေးတက်သဖြင့် ပြန်ရောင်းသည်၊ မြတ်သည်၊ ထို့နောက်ပြန်ဝယ်သည် စသည်ဖြင့် သံသရာလည်နေသည့်ဈေး ကွက်ဖြစ်သည်။ အထူးသဖြင့်ရင်းနှီးမြှုပ်နှံသူတို့က နိုင်ငံ၏စီးပွားရေးကို အကောင်းမြင်နေသည့်အချိန်တွင် ဤဈေးကွက်ဖြစ်ပေါ်လေ့ရှိသည်။  အထူးသဖြင့် မိမိဝယ်ယူရင်းနှီးမြှုပ်နှံထားသည့် စတော့၏ အဓိကစီးပွားရေးကဏ္ဍများအားကောင်းသည့်အချိန်၊ လူတို့၏ အလုပ်အကိုင် အခွင့်အလမ်းများပေါများသည့် အချိန်တွင်လည်း နွားသိုးဈေးကွက် ဖြစ်ပေါ်လေ့ရှိသည်။ 
(ဃ) ဝက်ဝံဈေးကွက် (Bear Market) ။    ။ ဤဈေးကွက်သည် နွားသိုးဈေးကွက်နှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး  စတော့ဈေးနှုန်းများ ကာလ အပိုင်းအခြားအလိုက် ဆက်တိုက်ကျဆင်းနေသည့်ဈေး ကွက်ကို ခေါ်ဆိုပါသည်။ သီအိုရီအရ သုံးလပတ်ကွာတား တစ်ခုချင်းတွင် စတော့ဈေးနှုန်းများ ၂၀ ရာခိုင်နှုန်း ပြုတ်ကျသွားသည့် အခြေအနေကိုဝက်ဝံဈေးကွက်ဟုခေါ်ဆိုပြီး ပြည်သူလူထုအနေနှင့် ၎င်းတို့၏ငွေကြေးများကို စတော့ဈေးကွက်ထဲသို့ပါဝင်ရင်းနှီး မြှုပ်နှံရန် စိုးရွံ့နေသည့် အခြေအနေဖြစ်သည်။ တစ်ဖက်တွင်စတော့ ဈေးအကျကို စောင့်ဝယ်လိုသည့် ဝက်ဝံသမားများ အကြိုက်တွေ့သည့် ဈေးကွက်လည်းဖြစ်သည်။
ဗဟိုဘဏ်ဥက္ကဋ္ဌKevin Warsh ၏ အဓိက ပြောကြားချက်များ
ဝိုင်အိုမင်(Wyoming)ပြည်နယ်တွင် ကျင်းပသည့် ဂျက်ဆန်ဟိုး စီးပွားရေးမူဝါဒဆွေးနွေးပွဲ၌ အမေရိကန် ဗဟိုဘဏ် (Fed) ဥက္ကဋ္ဌ Warsh ကအဓိကမိန့်ခွန်းတစ်ခုကိုပြောကြားခဲ့သည်။ ငွေကြေးဖောင်းပွမှု အလားအလာများသည် "သိသိသာသာ တိုးတက်ကောင်းမွန်လာခြင်းမရှိသေးကြောင်း"နှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဆောင်ရွက်မည့်ဗဟိုဘဏ်၏ ကတိကဝတ်ကိုထပ် လောင်းအတည်ပြုခဲ့သည်။
"လက်ရှိအချိန်မှာ လုပ်သားဈေးကွက်ဟာ အလုပ်အကိုင်အပြည့်အဝရရှိမှုရှိနေတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ သို့ သော် ကျွန်တော်တို့တာဝန်ယူထားရတဲ့ကုန်ဈေးနှုန်းတည်ငြိမ်ရေးအပိုင်းမှာတော့ ကိန်းဂဏန်းတွေဟာ ပိုမိုစိုးရိမ်စရာကောင်းနေပါတယ်"ဟု ဝေါရှ်က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
၎င်း၏ မှတ်ချက်များသည် အမေရိကန်ဗဟိုဘဏ်(Fed)အတွက်ရှုပ်ထွေးသော နောက်ခံအခြေအနေများကြားမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ လျော့ကျမသွားဘဲ မြင့်တက်နေဆဲဖြစ်သော ငွေကြေးဖောင်းပွမှု အချက်အလက်များ၊ ဆက် လက်ဖြစ်ပွားနေသည့် ပထဝီနိုင်ငံရေးတင်းမာမှုများနှင့် ဆက်စပ်နေသော ရေနံဈေးနှုန်းမြင့်တက်မှုများ၊ ထို့ပြင်မျှော်မှန်းထားသည်ထက်လျော့နည်းခဲ့သော စိုက်ပျိုးရေးမဟုတ်သည့်ကဏ္ဍ၏ အလုပ်အကိုင်အစီရင်ခံစာများကြောင့် အမေရိကန်ဗဟိုဘဏ် open market ကော်မတီ (FOMC) အတွင်း သဘောထားများကွဲလွဲလျက်ရှိသည်။ ဒေသဆိုင်ရာဘဏ်ဥက္ကဋ္ဌသုံးဦးသည် ဇူလိုင်လကအတိုးနှုန်းမပြောင်းဘဲ ထိန်းသိမ်းထားရန်ဆုံးဖြတ်ချက်ကိုသဘောမတူဘဲကန့်ကွက်ခဲ့ကြသည်။

ဗဟိုဘဏ်ဥက္ကဋ္ဌ မိန့်ခွန်းနှင့် ဈေးကွက်၏ တုံ့ပြန်မှု
သြဂုတ်လ ၃၁ ရက်နေ့တွင် ရွှေလက်ငင်းဈေးနှုန်းသည် ၃ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး တစ်အောင်စလျှင် $4,456.20 သို့ ရောက်ရှိခဲ့သည်။ ထို့အတူ Gold Futureဈေးနှုန်း (GC) သည်လည်း ၃ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းကာ $4,506.66 သို့ ရောက်ရှိခဲ့သည်။ တစ်ပတ်စာ အခြေအနေအရ ရွှေလက်ငင်းဈေးနှုန်းသည် ၃ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းလျက်Gold Future ဈေးနှုန်းသည် ၃ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းပြီး ဈေးပိတ်သိမ်းခဲ့သည်။
ဆက်လက်၍ အမေရိကန်ဒေါ်လာညွှန်းကိန်းသည် ၁ ရာခိုင် နှုန်းနီးပါးမြင့်တက်ခဲ့ရာ ရွှေအဖိုးတန်သတ္တုပေါ် ဖိအားပိုမိုသက်ရောက်စေခဲ့သည်။ ငွေ(Silver) ၊ ပလက်တီနမ်နှင့် အခြားအဖိုးတန်သတ္တုများသည်လည်း ရွှေဈေး၏ ကျဆင်းမှုအတိုင်း လိုက်ပါကျဆင်းခဲ့ကြသည်။

Fed၏ အတိုးနှုန်းမြှင့်တင်မှု မျှော်လင့်ချက်များအပေါ် ရွှေဈေးကွက်၏ တုံ့ပြန်ပုံ
မိန့်ခွန်းပြောကြားပြီးနောက် ကုန်သည်များသည် ငွေကြေးမူဝါဒဆိုင်ရာ ၎င်းတို့၏မျှော်လင့်ချက်များကို လျင်မြန်စွာပြင်ဆင်ညှိယူခဲ့ကြသည်။ CME FedWatch စာရင်းအင်းများအရ စက်တင်ဘာလတွင် အတိုးနှုန်းကို ၂၅ ပွိုင့် (ဝ.၂၅%) မြှင့်တင်ရန် ဖြစ်နိုင်ခြေသည် ယခင်နေ့က ၃၅ရာခိုင်နှုန်းခန့်သာရှိခဲ့ရာမှ ယခုအခါ ၅၇ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာခဲ့သည်။
ငွေချေးစာချုပ်များ ရောင်းထုတ်ခံရသဖြင့် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ငွေချေးစာချုပ်ပြန်ရနှုန်း (yields) မြင့်တက်လာခဲ့သည်။ အဓိက စံချိန်စံညွှန်းဖြစ်သော ၁၀ နှစ်သက်တမ်း ငွေချေးစာချုပ်Yield သည် ၅.၃ ပွိုင့် မြင့်တက်ကာ ၄ ဒသမ ၇၂၅ ရာခိုင်နှုန်းသို့ရောက်ရှိခဲ့ပြီး ၂ နှစ်သက်တမ်းစာချုပ်Yield မှာ ၁၂ ပွိုင့်အထိ ခုန်တက်ကာ ၄ ဒသမ ၃၅၂ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ သည်။ ငွေကြေးဖောင်းပွမှု စိုးရိမ်ပူပန်မှုများ၊ ကုမ္ပဏီကြီးများ၏ကြွေးမှီး စာချုပ်အများအပြား ထုတ်ရောင်းမှုများနှင့် မကြာသေးမီက ဒေါ်လာထရီလီယံ ၄၀ ကျော်လွန်သွားခဲ့သည့် အမေရိကန်အမျိုးသားကြွေးမြီအပေါ် စိုးရိမ်မှုများကြောင့် လွန်ခဲ့သောသီတင်းပတ်များအတွင်း ငွေချေးစာချုပ်ဈေးကွက်မှာ မတည်မငြိမ်ဖြစ်ခဲ့သည်။
Interactive Brokers ၏ အကြီးတန်းစီးပွားရေးပညာရှင် ဟိုဆေတိုရက်စ် (José Torres)က "ဥက္ကဋ္ဌWarshဟာ ယနေ့နံနက်က သူ့ရဲ့ ပထမဆုံး ဂျက်ဆန်ဟိုး ဆွေးနွေးပွဲတင်ပြမှုမှာ Fed ၏ ငွေကြေးဖောင်းပွမှုအပေါ် အထူးဂရုပြုမှုကို ထပ်လောင်းပြောကြားခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ တင်းကျပ်တဲ့ငွေကြေးမူဝါဒ Hawkish ဘက်ကို ဦးတည်ပြင်ဆင်စေခဲ့ပါတယ်"ဟု ပြောကြားခဲ့သည်။ဒါပေမဲ့ ငွေကြေးမူဝါဒ ခေါင်းဆောင်ဟာ ကော်မတီရဲ့ နောက်ထပ်အရေးယူဆောင်ရွက်မှု အချိန်အခါ timingနဲ့ ပတ်သက်လို့ လျှို့ဝှက်စွာနှုတ်ဆိတ်နေခဲ့ပါတယ်။ ကုန်ကျစရိတ်ဖိအားတွေကို ဦးစားပေးရေးနဲ့အတိုးနှုန်းမြှင့်တင်ဖို့ တိုက်ရိုက်ကတိကဝတ်ပြုခြင်းကို ရှောင်ရှားရေးတို့ကြားနူးညံ့သိမ်မွေ့တဲ့ဟန်ချက်ညီမှုကို အောင်မြင်စွာထိန်းသိမ်းနိုင်ခဲ့တာကြောင့် စတော့ရှယ်ယာများ၊ အမေရိကန်ဒေါ်လာနဲ့ ကာလရှည်ငွေချေးစာချုပ်များ ဈေးနှုန်းပြန်လည်မြင့်တက်လာခဲ့ပါတယ်"ဟု တိုရက်စ်က ဆက်လက်ပြောကြားခဲ့သည်။

ရင်းနှီးမြှုပ်နှံသူများ နောက်ထပ်စောင့်ကြည့်ရမည့် အချက်များ
ဈေးကွက်တွင် ပါဝင်ဆောင်ရွက်သူများသည် လာမည့်ရက်များအတွင်း အဓိကအချက်များစွာကို စောင့်ကြည့်သွားမည်ဖြစ်သည်။
    •   အမေရိကန် စီးပွားရေး အချက်အလက်များ။ တစ်ဦးချင်းသုံးစွဲမှုစရိတ်များ (PCE)နှင့် အလုပ်အကိုင် ကိန်းဂဏန်းများအပါအဝင်ထွက်ရှိလာမည့် စီးပွားရေးဒေတာအချက်အလက်များသည်Fed၏ စက်တင်ဘာလ ဆုံးဖြတ်ချက်ကို          လွှမ်းမိုးနိုင်သည်။
    •   ပထဝီနိုင်ငံရေး တိုးတက်မှုများ။ အထူးသဖြင့် ရေနံဈေးကွက်များနှင့် အမေရိကန်-အီရန် တင်းမာမှုများသည် ငွေကြေးဖောင်းပွမှု မျှော်မှန်းချက်များနှင့် Safe-haven asset စီးဆင်းမှုများအပေါ် သက်ရောက်မှု ရှိနိုင်သည်။
    •  ဘဏ္ဍာရေးဈေးကွက်အခြေအနေ။ ရင်းနှီးမြှုပ်နှံသူများ သည် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဈေးကွက် အပြောင်းအလဲများနှင့် နောက်ထပ်မူဝါဒအရေးယူဆောင်ရွက်မှု၏ အချိန်အခါ၊ အရိပ်အမြွတ်များအတွက် Fed တာဝန်ရှိသူများ၏ နောက်ထပ် မှတ်ချက်များကို စောင့်ကြည့်စစ်ဆေး သွားကြမည်ဖြစ်သည်။
ရွှေအတွက်မူ ဒေါ်လာ၏ ဦးတည်ရာနှင့် အမှန်တကယ်ရရှိသည့်Yield များသည် ဆက်လက် အရေးပါနေဦးမည်ဖြစ်သည်။Fed ၏ တင်းကျပ်သော မူဝါဒဘက်သို့ ဆက်လက်ကူးပြောင်းမှုသည် ရွှေဈေးနှုန်းမြင့်တက်မှုကို အကန့်အသတ် ဖြစ်စေနိုင်ပြီး ဘဏ္ဍာရေးမူဝါဒအသစ်ထွက်ရှိခြင်း သို့မဟုတ် ပထဝီနိုင်ငံရေးတင်းမာမှုများသည် hedging instrument  အဖြစ် အဖိုးတန် ရွှေ သတ္တု၏ ဝယ်လိုအားကို ပြန်လည်မြင့်တက်စေနိုင်သည်။

Reference : Investment Guide Book, www.cnbc.com/

ထွန်းသက်ထွန်း