တက်ဈေးမှာရှိနေတဲ့ ပြည်သကြားဈေးကွက် ကမ္ဘာ့ဈေးကွက်တွင် သကြားဈေးနှုန်းများ မြင့်တက်နေတဲ့ အချိန် ဖြစ်ပါတယ်။ သကြားဈေးတက်လာတဲ့အတွက် ကြံစိုက်တောင်သူများ ကြံ ပေါ်ချိန်မှာတက်ဈေး မျှော်မှန်းနေကြောင်း သိရပါတယ်။ ယခင်နှစ်ကကြံ တစ်တန်ကို ၁၃၅ဝဝ ကျပ်ဈေးသာ ရှိခဲ့ပြီး ယခုနှစ်တွင် ကြံတစ်တန်ကို ၁၈ဝဝဝ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းတွင် ပေါက်ခေါင်းမြိုု့နယ်မှ ကြံ အများဆုံး စိုက်ပျိုးကြပါတယ်။ ထွက်ရှိလာတဲ့ ကြံများကို အင်းငါးခွသကြားစက်နဲ့ နဝဒေး (မြရွာ) သကြားစက်တို့မှ ဝယ်ယူကြောင်းသိရပါတယ်။ ပြည်ဈေးကွက် အနေဖြင့် သြဂုတ်လမှစလို့ သကြားတစ်ပိဿ ၁၂ဝဝ ကျပ်၊ စက်တင်ဘာလတွင် ၁၆ဝဝ ကျပ်ဈေးရှိပြီး ယခုအောက်တိုဘာလ တတိယပတ်တွင် ၁၈ဝဝ ကျပ်ဈေးထိ ဈေးမြင့်လာခဲ့ကြောင်း သိရပါတယ်။ စိုးစိုးနိုင်
Background