တောင်ကိုရီးယားက ဆန်အထွက်လျော့ကျနိုင်လို့ တင်သွင်းမှုပိုလာနိုင်တယ်လို့ USDA ကဆို နိုဝင်ဘာလ ၁ ရက်နေ့မှာစတင်တဲ့ ယခုနှစ်အတွင်း တောင်ကိုရီးယားနိုင်ငံရဲ့ ဆန်ထုတ်လုပ်မှုဟာ တန်ချိန် ၅ ဒသမ ၈ဝ၄ သန်းသာရှိနိုင်တယ်လို့ USDA ကဆိုပါတယ်။ ယခုနှစ်အစပိုင်းက တန်ချိန် ၆ ဒသမ ၆၄၃ သန်းထွက်ရှိမယ်လို့ ခန့်မှန်းရာမှ ရာသီဥတုဆိုးဝါးတဲ့အတွက် ယခုလို အထွက်လျော့ကျခဲ့ခြင်း ဖြစ်ပါတယ်။ ထုတ်လုပ်မှု လျော့ကျတာကြောင့် ဆန်တင်သွင်းမှုမှာလည်း ယခင်နှစ်က တန်ချိန် ၂၉၂ဝဝဝ ရှိခဲ့ရာမှ ယခုနှစ်မှာ တန်ချိန် ၃၃ဝဝဝဝ ထိ တိုးတက်တင်သွင်းနိုင်တယ်လို့ USDA က ခန့်မှန်းထားပါတယ်။ လဝန်း၊ ှSources: bloomberg .com
Background