Main menu

Background

ယခုနှစ် ဗီယက်နမ်က ဆန်တန်ချိန် ၇ သန်း တင်ပို့ဖို့ စာချုပ်ပြီး

Mon, 11/29/2010 - 04:16 -- Anonymous (not verified)

 ယခုနှစ် ဗီယက်နမ်က ဆန်တန်ချိန် ၇ သန်း တင်ပို့ဖို့ စာချုပ်ပြီး           ဗီယက်နမ် ဆန်လုပ်ငန်းရှင်များက ယခုနှစ်အတွင်း ဆန်တန်ချိန် ၇ သန်းတင်ပို့ဖို့ စာခုျပ်ထားပြီးပြီလို့ ဗီယက်နမ်စားနပ်ရိက္ခာအသင်း (VFA ) မှ ပြောကြား ပါတယ်။ လက်ရှိအချိန်ထိ ဆန်တန်ချိန် ၆ သန်းကျော်တင်ပို့ခဲ့ပြီး ဝင်ငွေ အားဖြင့် စုစုပေါင်းကန်ဒေါ်လာ ၂ ဒသမ ၅၅၆ ဘီလီယံရရှိထားကြောင်း သိရပါတယ်။ ကမ္ဘာ့ဆန်ထုတ်လုပ်မှု ကျဆင်းပေမဲ့ ဆန်ဝယ်လိုအား ကြီးမားနေဆဲ ဖြစ်တာကြောင့် လာမယ့်နှစ် ဆောင်းသီးနံှထွက်ရှိချိန်ထိ ဆန်ဈေးမြင့်နေအုံးမယ်လို့ (VFA ) က ဆိုပါတယ်။              လယ်သမားများအနေနဲ့ ၃ဝ ရာခိုင်နှုန်းခန့်အကျိုးအမြတ်ရရှိလိမ့်မယ်လို့ ဆိုပါတယ်။ သြဂုတ်လ အစောပိုင်းကနေ လက်ရှိအချိန်ထိ ဆန်တင်ပို့ဈေးက ၈ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိ ၅ မှတ်ဆန်ဈေးက တစ်တန် ကို ကန်ဒေါ်လာ ၄၉ဝ-၅ဝဝ ရှိပြီး ၂၅ မှတ်ဆန်ဈေးက ကန်ဒေါ်လာ ၄၄၅-၄၅ဝ ရှိတယ်လို့ သိရပါတယ်။                                                                                                                          လမင်းး၊ှSources: VOU