နယ်စပ် နှမ်းတင်ပို့မှုပိုမို မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ယခု အပတ်မှာနှမ်း တင်ပို့နိုင်မှုဟာ တန် ၆ဝဝ နီးပါးရှိပြီး ယခင်အပတ်ကထက် တန် ၉ဝ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ယခုအပတ်မှာ နှမ်းဖြူ တန် ၃ဝ၊ နှမ်းနက် တန် ၂၅ဝ နဲ့နှမ်း အခွံချွတ် ၃၁၉တန် တင်ပို့ခဲ့တဲ့အတွက် စုစုပေါင်း နှမ်းတန်ချိန် ၅၉၉ ဒသမ ၂၅ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၈၄ သန်းဖိုးတင်ပို့နိုင်တာ ဖြစ်ပါတယ်။ နှမ်းလက်ကျန်အခြေအနေနဲ့ တစ်ဘက်ဝယ်လိုအားပေါ်မူတည်ပြီး နှမ်းတင်ပို့မှုတည်ငြိမ်ခြင်းတော့မရှိဘူးလို့ နှမ်း နထစသမအနမ တစ်ဦးထံကသိရ ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီး ထွက်နှမ်းဖြူ၊ နှမ်းနက်များကို မူဆယ်ကနေတရုတ်ကို ပို့နေတာပါ။ ယခုအပတ်မှာလည်း နှမ်းဖြူဈေးက ဆက်လက်ကျနေပြီး နှမ်းနက်ဈေးကတော့ မြင့်တက်နေဆဲပဲလို့ လည်း ဆိုပါတယ်။ နှမ်းပေါက်ဈေးများကို ဖော်ပြပေးလိုက်ပါတယ ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းဖြူ ၁၁၅၇၅၃၄ ၁၁၆၈ဝ၃၅ ၁ဝ၅ဝ၁ ၁ ၁၃ဝ၇ ၁၃ဝ၈ ၁ ဝ .ဝ၈နှမ်းနက် ၁၅၃၈၅၂၇ ၁၃၉၄၆၆ဝ ၁၄၃၈၆၇ ၉ ၁၆၅၄ ၁၆ဝ၉ ၄၅ ၃MIRT (DOBT)
Background