Main menu

Background

နို့ဆီ ရေကြောင်းအဝင်ကောင်း

Mon, 12/06/2010 - 11:08 -- Anonymous (not verified)

နို့ဆီ ရေကြောင်းအဝင်ကောင်း               နိုဝင်ဘာလ ၂၂ရက်မှ ၂၉ ရက်နေ့ တာကာလအတွင်း နို့ဆီတန်ချိန် ၃၂၅ ဒသမ ၁၅၇ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ ၂၇၂၂၅၃ ဒသမ ၅၅၆ ဖိုးကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ ကုန်သွယ်ဖက်နိုင်ငံ ကတော့ ဖောက်သည်စင်ကာပူနိုင်ငံပဲ ဖြစ်ပါတယ်။ ယခုသီတင်းပတ်မှာ နို့ဆီပဲ အဝင်ရှိပြီး နို့စိမ်းအဝင် မရှိခဲ့ပါဘူး။ နို့စိမ်းကတော့ နှစ်ပတ်ဆက်တိုက်အဝင် ပျောက်နေဆဲဖြစ်ပါတယ်။               နို့မှုန့်အနေနဲ့ကတော့ နယူးဇီလန် နိုင်ငံမှDUMEX နို့မှုန့်နဲ့ အခြား တံဆိပ် နို့မှုန့်တန်ချိန် ၆၆ ဒသမ ၂၇ဝ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၂၄၄၃၈ ဒသမ ၇၈ ဖိုးတင်သွင်းခဲ့တာ တွေ့ရပါတယ်။                        MIRT (DOT)ယခုအပတ်မှာပြန်လည်တင်သွင်းမှု ရှိလာ              နိုဝင်ဘာလ ၂၄ ရက်မှ ၃ဝ ရက်ထိ ကာလအတွင်းမှာ ကော့သောင်းနယ်စပ်မှ နို့ဆီ ၁၈ဝမက်ထရစ်တန် (၉၄၅ဝ ကာတွန်း) ကန်ဒေါ်လာ ၁၃၅၈၁၅ ဖိုး နဲ့ နို့စိမ်း ၂၉၉ မက်ထရစ်တန်(၁၅၇၆၉ ကာတွန်း) ကန်ဒေါ်လာ ၂၆၇၈၉ဝ ဖိုး တင်သွင်းခဲ့ပါတယ်။ နိုဝင်ဘာလ တတိယပတ်မှာ တင်သွင်းခဲ့ခြင်းမရှိဘဲ ယခုနောက်ဆုံးပတ်မှာ တင်သွင်းလာ တာ တွေ့ရပါတယ်။ နိုဝင်ဘာတစ်လ လုံး နို့ဆီတင်သွင်းမှုမှာ နို့ဆီ ၄၆၃ မက်ထရစ်တန် (၂၄၄၆၃ကာတွန်း)နဲ့ နို့စိမ်း ၅၇၃မက်ထရစ်တန်(၃ဝ၁၉၆ ကာတွန်း) တင်သွင်းထားပြီးဖြစ်ပါတယ်။ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် ယခုအပတ်မှာ နို့မှုန့် ၂၂ တန်၊ ကန်ဒေါ်လာ ၆၂၆၃၉ နီးပါးဖိုး တင်သွင်းခဲ့ တဲ့အတွက် နိုဝင်ဘာလအတွင်း နို့မှုန့် ၄၃ တန်ခွဲ တင်သွင်းနိုင်ခဲ့ပါတယ်။                                                                    MIRT(DOBT)