Main menu

Background

အစောဆုံး ဒီဇင်ဘာလကုန်မှာပေါ်နိုင်မဲ့ ပင်လောင်းနနွင်း

Wed, 12/08/2010 - 06:40 -- Anonymous (not verified)

အစောဆုံး ဒီဇင်ဘာလကုန်မှာပေါ်နိုင်မဲ့ ပင်လောင်းနနွင်း              ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ပြည်ပပို့ကုန် တစ်မျိုးဖြစ်တဲ့ နနွင်းကို ပင်လောင်းမှာအများဆုံးစိုက်ပျိုးပြီး ဒုတိယစိုက်တာက ကျေးသီး၊ တတိယအများဆုံးက ဟိုပုံးနဲ့ စတုတ္ထအများဆုံးကတော့ ရပ်စောက်မြို့နယ်တို့ဖြစ်ပါတယ်။ အဲဒီ ၄ မြို့နယ်မှာ စိုက်ဧက ၂၃ဝ၂ ဧကရှိပြီး အထွက်တန်ကတော့ ၃၃၄၆ တန်ရှိပါတယ်။            ၂ဝဝ၇ ခုနှစ်မှာ နနွင်းတက် တစ်ပိဿာကို အနိမ့်ဆုံး ၄၅ဝ ကျပ်မှ အမြင့်ဆုံး ၆ဝဝ ကျပ်ဈေးရှိခဲ့ပြီး ၂ဝဝ၈ ခုနှစ်မှာ အနိမ့်ဆုံး ၄ဝဝ ကျပ်မှ အမြင့်ဆုံး ၇ဝဝ ကျပ်အထိ ဈေးရှိခဲ့ပါတယ်။ ၂ဝဝ၉ ခုနှစ်မှာတော့ အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ဒူဘိုင်းစတဲ့နိုင်ငံတွေက ဝယ်ယူလာတာကြောင့် အနိမ့်ဆုံး ၄ဝဝ ကျပ်မှ အမြင့်ဆုံး ၂၂ဝဝ ကျပ်အထိဈေးတက်လာပါတယ်။ ၂ဝ၁ဝ ခုနှစ်မှာ ၅ နှစ်အတွင်း ဈေးအကောင်းဆုံး ရတဲ့နှစ်ဖြစ်ပြီး လွန်ခဲ့တဲ့ ၄ နှစ်၊ ၅ နှစ်ကလက်ကျန်တွေအများကြီး စုပုံနေတဲ့ နှစ်ချို့နနွင်းတွေလည်း ရောင်းထွက်ခဲ့ပါတယ်။              အထွက်အများဆုံးဖြစ်တဲ့ ပင်လောင်နနွင်းကတော့ အရည်အသွေးကြောင့် လက်ကျန်အနည်းငယ် ကျန်နေ သေးတယ်လို့ သိရပါတယ်။ ဇန်နဝါရီလလယ်လောက် ဒါမှမဟုတ် အစောဆုံးကတော့ ဒီဇင်ဘာလကုန်ပိုင်းလောက် မှာ နနွင်းအသစ်တွေဈေးကွက်ကို ပြန်ဝင်လာတော့မှာဖြစ်ပါတယ်။ ၂ဝ၁ဝ မှာနနွင်းတက်ရဲ့ အဖွင့်ဈေးကတော့ တစ်ပိဿာ ၁၄ဝဝ ကျပ်ဈေးနဲ့ စပြီးဖွင့်ခဲ့ပါတယ်။ တစ်လထက်တစ်လ ဈေးပိုကောင်းလာပြီး ယခုလက်ရှိ နနွင်းပေါက်ဈေးကတော့ နနွင်းသန့် တစ်ပိဿာ ၃၅ဝဝ ကျပ်၊ နနွင်းညံ့က တစ်ပိဿာ ၃ဝဝဝ ကျပ်-၃၂ဝဝ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။                     ဧဧခိုင်