ရေကြောင်းမှ နို့စိမ်းပိုဝင် ပြည်တွင်းကို ရေကြောင်းလမ်းက နေ နိုဝင်ဘာလအတွင်း လချုပ်အနေနဲ့ နို့စိမ်းအဝင်က နို့ဆီထက်အသွင်းပိုလာ ခဲ့တာ တွေ့ရပါတယ်။ နို့ဆီတန်ချိန် ၆၆၇ ဒသမ ၅ တန်နဲ့ နို့စိမ်း ၇၇၄ ဒသမ ၄၆ တန် သွင်းနိုင်ခဲ့တာဖြစ်ပြီး ယခင် အလားတူကာလဖြစ်တဲ့ ၂ဝဝ၉ နိုဝင်ဘာလအဝင် စုစုပေါင်းတန်ချိန်နဲ့ယှဉ်ရင် တန်ချိန် ၂၁ဝ ခန့်သာ ပိုတင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ ဈေးကွက် အနေနဲ့တော့ အမြဲတမ်းဖောက်သည် စင်ကာပူဈေးကွက်အပြင် တရုတ်နိုင်ငံ ဘက်ကလည်း ရေကြောင်းကနေ လှည့် ဝင်လာတာတွေ့ရပါတယ်။ ယခုသီတင်း ပတ်ဖြစ်တဲ့ နိုဝင်ဘာ ၂၉ ရက်နေ့ကနေ ၅ရက်နေ့ကာလအတွင်း ရက်သတ္တပတ် စာ နို့ဆီအဝင်က ၃၆၃ ဒသမ ၆၃ တန်နဲ့ နို့စိမ်းတန်ချိန် ၁၁၂ တန်ကျော်ကျော်ကို စင်ကာပူနိုင်ငံဘက်ကနေ ရေကြောင်း ကသွင်းလာခဲ့ပါတယ်။MIRT (DOT)
Background