ပြည်ပတင်ပို့မှုရှိတဲ့ ကြောင်လျှာစေ့ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း မှော်စာမြို့နယ်တစ်ဝိုက်မှာ ကြောင်လျှာပင်များကို အိမ်ခြံဝန်းအတွင်း တစ်ပေ ခြား စိုက်ပျိုးပါတယ်။ တစ်အိတ်ကို အများဆုံး ၁ဝ ပင်နဲ့ ၁၅ ပင်အထိရှိပါတယ်။ ကြောင်လျှာတောင့်မှာ အညိုရောင်၊ အစိမ်း ရောင် ၂ မျိုးရှိပါတယ်။ ယခုလထဲမှာ ကြောင်လျှာတောင့်များ ရင့်မှည့်နေပါတယ်။ စားသုံးရန် အတောင့်် ရောင်းဈေးကတော့ တစ်တောင့်ကို ၂၅ ကျပ်မှ ၅ဝ ကျပ်အထိရှိပါတယ်။ အခြောက်တောင့်ကတော့ တစ်တောင့်ကို ၁၅ ကျပ်-၂ဝ ကျပ်သာရှိပါတယ်။ အချို့က အစေ့ဖတ်ဝယ်ဈေးက တစ်ပိဿာကို ၈ဝဝ ကျပ်မှ ၉ဝဝ ကျပ်အထိ ဝယ်ယူနေပြီး မန္တလေးကို တင်ပို့ကြတယ်လို့ သိရပါတယ်။ KKW
Background