Main menu

Background

မတ်ပဲဈေး ဆင်းနေဆဲ

Sun, 12/19/2010 - 10:24 -- Anonymous (not verified)

အိန္ဒိယနိုင်ငံ အချို့ပြည်နယ်တွေမှာ ပုံမှန်မဟုတ်တဲ့မိုးရွာသွန်းမှု ကြောင့် သီးနံှအချို့ပျက်စီးမှုတွေဖြစ်လို့ ဟင်းသီးဟင်းရွက်ဈေးတွေ မြင့်လာတဲ့အတွက် ဒီဇင်ဘာလ ၄ ရက်မှာ ပြီးဆုံးတဲ့ သီတင်းပတ် အတွင်း စားနပ်ရိက္ခာ ဈေးနှုန်းဖောင်းပွမှုဟာလည်း ၂ ပတ်မြောက် အဖြစ် မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဟင်းသီးဟင်းရွက်က ၂ ရာခိုင်နှုန်း၊ ကုလားပဲက ၁ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ပါတယ်။ မတ်ပဲဈေး ဆင်းနေဆဲ           အိန္ဒိယပြည်တွင်းဈေးကွက်များမှာ မတ်ပဲဈေးက ယခင်အပတ် ကထဲက ဆက်တိုက်ဆင်းလာခဲ့သလို ဒီတစ်ပတ်မှာလည်း ဆင်းနေဆဲ ဖြစ်တာတွေ့ရပါတယ်။ ဒေစီမတ်ပဲကို အဝယ်မရှိသလို မြန်မာမတ်ပဲ ကိုလည်း အဝယ်နည်းတာကြောင့် ခုလိုဈေးကျဆင်းနေတာဖြစ်တယ် လို့သိရပါတယ်။ ဒါ့အပြင် အတ္တရာပရာဒေ့ရှ်မှာ ဆောင်းမတ်ပဲ စိုက် ပိုျးပြီးစီးမှုဟာ ဒီဇင်ဘာလ ၈ ရက်နေ့အထိ ဟက်တာ ၁ ဒသမ ၈၂ သိန်းရှိပြီဖြစ်လို့ ယခင်နှစ်ကာတူဟက်တာ ၁ ဒသမ ၆၂ သိန်း ထက် ပိုနေပါတယ်။ ဈေးကွက်ထဲကိ ဝင်ရောက်လာတဲ့ အရည်အသွေး နိမ့် မတ်ပဲများကိုလည်း ဈေးပေးဝယ်ယူကြခြင်းမရှိဘူးလို့ သိရပါ တယ်။ ဒါပေမဲ့လည်း အရည်အသွေးကောင်းမတ်ပဲကို ဝယ်လိုအား ကောင်းနေတာကတော့ ဈေးနှုန်းအထောက်အပံ့ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ ဈေးနှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ် ဇယား-၁                                                                ဒေါ်လာ/တန်  ဈေးကွက်              ၁၆ .၁၂ .၁ဝ                ၁၅ .၁၂ .၁ဝ             ၁၄ .၁၂ .၁ဝ               ၁၃ .၁၂ .၁ဝမွန်ဘိုင်း                   ၈၃၈                             ၈၃၈                      ၈၆၆                        ၈၇၈ဒေလီ                      ၈၃၈                             ၈၆၁                      ၈၈၉                         ၈၈၄ချန်နိုင်း              ၈၈၃-၁၁၁၄                   ၉၁ဝ-၁၁၃၆               ၉၁၆-၁၁၆၆                ၉၁၇-၁၁၆၆