အဝင်တန်ချိန်လေးသောင်းနှစ်ထောင်ကျော်ရှိ ပင်လယ်ရေကြောင်းလမ်းကနေ ဒီဇင်ဘာ ၁၃ ရက်မှ ၁၉ ရက်တာကာလ အတွင်း ဘိလပ်မြေတန်ချိန် လေးသောင်းနှစ်ထောင်ကျော်၊ တန်ဖိုး ကန်ဒေါ်လာ ၃၆၄၆၉၆ဝ ဖိုးကိုတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ နိုင်ငံတွေကတော့ ပါကစ္စတန် နိုင်ငံဘက်မှ ဆင်တံဆိပ်ဘိလပ်မြေ တန်ချိန် ၂၅ဝဝ ကျော်နဲ့ ထိုင်းနိုင်ငံဘက်မှ စိန်တံဆိပ်ဘိလပ်မြေ လေးသောင်းနီးပါးတင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် ဘိလပ်မြေအဝင်မှာ တန်ချိန် ၂၇ဝဝ ကျော်ရှိခဲ့ပြီး ဒီတစ်ပတ်ဘိလပ်မြေ အဝင်နဲ့ ယှဉ်ရင် တန်ချိန် ၁၅ဝဝ ကျော် ပိုမိုတင်သွင်းခဲ့တာ တွေ့ရပါတယ်။ တစ်တန်ကို စီအိုင်အက်ဖ် ကန်ဒေါ်လာ၈၅ နဲ့ တင်သွင်းခဲ့ပါတယ်။ MIRT (DOT) ဆောက်လုပ်ရေးရာသီရောက်ပြီဖြစ်လို့ ဘိလပ်မြေတင်သွင်းမှုပို ဒီဇင်ဘာ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်း နယ်စပ်စခန်းများဖြစ်တဲ့ မူဆယ်၊ လွယ်ဂျယ်၊ ကန်ပိုက်တီး၊ ကော့သောင်း၊ တာချီလိတ်နဲ့ မောင်တော နယ်စပ် စခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ၄၂ သန်း တန်ဖိုးရှိ ဘိလပ်မြေ ၄၆၇၄ တန် ကျော် တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က ဘိလပ်မြေ ၂၇၅၇ တန်တင်သွင်းခဲ့တာ မို့ ယခုအပတ်မှာ ဘိလပ်မြေတန် ၁၉၁၇ တန် တင်သွင်းမှုပိုမိုခဲ့ပါတယ်။ ပွင့်လင်း ရာသီရောက်ပြီဖြစ်လို့ လမ်းတံတားတည်ဆောက်မှုများ၊ ဆောက်လုပ်ရေးလုပ် ငန်းများမှာ အသုံးပြုရန် ဘိလပ်မြေ ပိုမိုတင်သွင်းခဲ့တယ်လို့ တာချီလိတ်နယ်စပ်က ဘိလပ်မြေတင်သွင်းသူတစ်ဦးထံကသိရပါတယ်။ နယ်စပ်အလိုက် ဘိလပ်မြေ တင်သွင်းနိုင်မှုတွေကတော့ မူဆယ်မှ ၂၂၈ တန်၊ လွယ်ဂျယ်မှ တန် ၉၃ဝ၊ ကန်ပိုက်တီးမှ ၁၁၈၅တန်၊ ကော့သောင်းမှ ၁၆၅တန်၊ တာချီလိတ်မှ ၂၁၂၆တန်ကျော်နဲ့ မောင် တောမှ တန် ၄ဝ ဖြစ်ပါတယ်။ ယခုအပတ်မှာ တာချီလိတ်နယ်စပ်မှ တင်သွင်းမှုက အမျာဆုံးဖြစ်ပြီး ကန်ပိုက်တီးကဒုတိယအများဆုံးတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ MIRT(DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေဖြန့်ဈေးများမှာ အောက်ပါအတိုင်းဖြစ်ပါတယ် -တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၄၉၅ဝ(လက်ကား) ဘိလပ်မြေ (စိန်) ၄၈၅ဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၄ဝဝ ဘိလပ်မြေ(AAA) ၅၂ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅၂ဝဝ ဘိလပ်မြေ(ွှTPI)ထိုင်း ၆၂ဝဝ ဘိလပ်မြေ(ဆင်မင်း) ၄၈ဝဝ ဘိလပ်မြေ(နှင်းတောင်) ၆၂ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၂ဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆ဝဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၂ဝဝ ဘိလပ်မြေ(ူLucky)ပါကစ္စတန် ၆၄ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၉ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၅၆ဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၆၅ဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၄၉ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၅၈၅ဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၇ဝဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၄ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၆ဝဝဝ ဘိလပ်မြေ(ဆင်မင်း)ကျောက်ဆည် ၅၈ဝဝMIRT (MAPT)
Background