ပဲစင်းငုံဈေးသိသိသာသာမြင့်တက်နေ အိန္ဒိယဈေးကွက်တွေမှာ ဝယ်လိုအားကောင်းနေခြင်းနဲ့ အစိုးရ မှ အပိုဆောင်းပေးဝယ်ယူနေခြင်းတို့ကြောင့် ပဲစင်းငုံဈေးနှုန်းမြင့်တက် လျက်ရှိပါတယ်။ မဟာရပ်ရှတရာနဲ့ ကာနာတာကာတို့မှာ အစိုးရ အေဂျင်စီများ ပဲဝယ်ယူမှုက တန်ချိန် ၉ဝ ဝန်းကျင်သာရှိရာ ကာလတိုအတွင်း ထပ်မံဝယ်ယူဖို့ ကျန်ရှိဦးမယ်လို့ မျှော်လင့်နေကြပါ တယ်။ လွန်ခဲ့တဲ့ရက်များအတွင်း ပဲအသစ်ဝင်ရောက်မှု တိုးတက် လာခဲ့ပေမဲ့ ဈေးနှုန်းကျဆင်းမှုကို မထိန်းနိုင်ဘဲ ၁၅ ရာခိုင်နှုန်း ခန့်မြင့်တက်လာခဲ့ပါတယ်။ ဝယ်လိုအားတိုးတက်နေလို့ ကာလတို အတွင်းမှာလည်း ဈေးခိုင်မာဦးမယ်လို့ သုံးသပ်ကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား(၄)နဲ့ ဖော်ပြထားပါတယ် ဇယား-၄ ဒေါ်လာ/တန် ဈေးကွက် ၂ဝ .၁ .၁၁ ၁၉ .၁ .၁၁ ၁၈ .၁ .၁၁ ၁၇ .၁ .၁၁မွန်ဘိုင်း(မြန်မာပဲစင်းငုံ) ၉ဝ၅ ၈၂၆ ၈၂၄ ၈၂၈-၈၃၄ဒေလီ(မြန်မာပဲစင်းငုံ) ၈၈၉ ၈၃၇ ၈၃၅ ၇၅၇-၇၆၈ချန်နိုင်း(မြန်မာပဲစင်းငုံ) ၈၇၈ ၈ဝ၄ ၈၁၃ ၈၁၂
Background