ဇန်နဝါရီလ ၇ ရက်နေ့မှာ အာရှဆန်ဈေးနှုန်းထပ်မံကျဆင်းလာခဲ့ပါတယ်။ ဆန်ဝယ်ယူတင်သွင်းနေတဲ့ အာဖရိကနိုင်ငံတွေအနက် ဂါနာနိုင်ငံရဲ့ ဆန်ထုတ်လုပ်မှုတိုးတက်ခြင်း၊ ထိုင်းနိုင်ငံရဲ့ လက်ကျန်အရန်ဆန်တွေထဲက
ဆန်တန်ချိန် ၃ သိန်းမှ ၅ သိန်းအကြား ပမာဏကို တင်ဒါနဲ့ရောင်းဖို့ စီစဉ်နေခြင်းတို့က ထိုင်းဆန်ရဲ့ စံသတ်မှတ်တင်ပို့တဲ့ဈေးနှုန်း များကိုကျဆင်းဖို့ ဖိအားပေးလျက် ရှိပါတယ်။
ဒါ့အပြင် ဖိလစ်ပိုင်မှာ စက်တင်ဘာလအထိစားသုံးဖို့ ဆန်လုံလောက်စွာရှိနေတဲ့အတွက် ကပ်ဘေးများသာ မကြုံတွေ့ရပါက ၂ဝ၁ဝ ပထမသုံးလပတ်အတွင်း နောက်ထပ်ဆန်ဝယ်ယူဖို့ တင်ဒါခေါ်မှာမဟုတ်လို့ ဖိလစ်ပိုင်အမျိုးသားစားနပ်ရိက္ခာအာဏာပိုင် ညွှန်ကြားရေးမှူး Romeo Jimenezက ဆိုပါတယ်။
Source: Bangkokpost.com, Reuters.com