ပဲတီစိမ်းဈေး သိသိသာသာမြင့်တက် ယခုတစ်ပတ် အိန္ဒိယပြည်တွင်းဈေးကွက်မှာ ပဲတီစိမ်းဈေးက သိသိသာသာ မြင့်တက်ခဲ့ပါတယ်။ တရုတ်နိုင်ငံက ဝယ်လိုအား ကောင်းနေခြင်းတို့ကြောင့် နိုင်ငံတကာ ပဲတီစိမ်းဈေး ခိုင်မာနေသလို ပြည်တွင်းဈေးလည်း ခိုင်မာလာတာဖြစ်ပါတယ်။ ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့အထိ အိန္ဒိယပဲတီစိမ်းစိုက်ပျိုးမှုဟာ ဟက်တာ ၄ ဒသမ ၉၅ သိန်းရှိလို့ ယခင်နှစ်ကာလတူ စိုက်ဟက်တာ ၄ ဒသမ ၉၇ သိန်းထက် အနည်းငယ်လျော့ကျပါတယ်။ မဟာရပ်ရှတရာနဲ့ အတ္တရာပရာဒေ့ရှ်မှ ပဲအသစ်များ ဈေးကွက်ကို ဖေဖော်ဝါရီလလယ် မှာ ဝင်ရောက်ဖွယ်ရှိပြီး အဲဒီကာလမှာတော့ ရောင်းအားများလာ နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ် အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃)နဲ့ ဖော်ပြလိုက် ပါတယ် ဇယား-၃ ဒေါ်လာ/တန် ဈေးကွက် ၂၇ .၁ .၁၁ ၂၅ .၁ .၁၁ ၂၄ .၁ .၁၁ ၂၂ .၁ .၁၁ချန်နိုင်း(ပဲတီရွှေဝါ) ၁၂၉၅-၁၃၁၇ ၁၁၁၉ ၁၁၁၉ ၁၁၄ဝ-၁၁၆၂ဒေလီ ၉၈၇-၁၂ဝ၇ ၁ဝ၉၇ ၁ဝ၉၇ ၁ဝ၉၆အင်ဒိုရီ - ၁၁၆၃ ၁၂ဝ၇ ၁ဝ၉၆
Background