တစ်ပတ်အတွင်း ပင်လယ်ရေကြောင်းက နို့ဆီတန်ချိန် ငါးရာကျော်ဝင် ဇန်နဝါရီလရဲ့ နောက်ဆုံးအပတ် မှာ နို့ဆီတန်ချိန် ၄၄ဝ နဲ့ နို့စိမ်း တန်ချိန် ၆၅ တန်၊ စုစုပေါင်းတန်ချိန် ၅ဝ၅တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄၈၃၁၈ဝ ဖိုးကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံကတော့ ဖောက်သည် စင်ကာပူနိုင်ငံက ဖြစ်ပါတယ်။ နို့စိမ်းက သုံးပတ်ဆက်တိုက် အဝင်ပျောက်နေ ခဲ့ရာ ဒီတစ်ပတ်မှ ပြန်လည်အဝင်ရှိခဲ့ပါတယ်။ နို့ဆီက ပြီးခဲ့တဲ့သီတင်းပတ်ထက် လျော့နည်းပြီး တင်သွင်းခဲ့တာ တွေ့ရပါ တယ်။ ဇန်နဝါရီလ လခုျပ်အနေနဲ့ နို့ဆီ နို့စိမ်း အဝင်တန်ချိန် ၁၇၅ဝကျော်ရှိခဲ့ပြီး ယခင်လ ဒီဇင်ဘာလအဝင်က တန်ချိန် ၁၁၃ဝကျော်ရှိခဲ့တဲ့အတွက် အဝင်တန် ချိန် ပိုမိုတင်သွင်းခဲ့တာတွေ့ရပါတယ်။ နို့မှုန့်အနေနဲ့ ဇန်နဝါရီလ နို့မှုန့်အဝင် တန်ချိန်မှာ ၃၆ဝ ကျော်ရှိခဲ့ပြီး ယခင် လ နို့မှုန့်အဝင်မှာ တန်ချိန် ၄၂ဝ ကျော် ရှိခဲ့တာကြောင့် နို့မှုန့်အဝင်လျော့ခဲ့တာ တွေ့ရပါတယ်။ MIRT (DOT) နို့စိမ်းတင်သွင်းမှုပိုမို ဇန်နဝါရီ ၂၆ ရက်မှ ဖေဖော်ဝါရီ ၁ ရက်ထိကာလအတွင်း ကော့သောင်း နယ်စပ်မှ နို့စိမ်း ၅၃၁၇ကာတွန်း (၁ဝ၁) တန်၊ တန်ဖိုး ၉ဝ၃၈၉ ဒေါ်လာနဲ့ နို့ဆီ ၄ဝ၈၃ ကာတွန်း (၇၇ တန်) တန်ဖိုး ၆၅၃၂၈ ဒေါ်လာ တင်သွင်းနိုင်ခဲ့ပါ တယ်။ ယခင်အပတ်က နို့စိမ်း ၁၈၁၃ ကာတွန်း (၃၄ တန်ကျော်) သာ တင် သွင်းခဲ့တာမို့ ယခုအပတ်မှာ ၃၅ဝ၄ ကာတွန်း (၆၇ တန်) တင်သွင်းမှု ပိုမိုခဲ့ ပါတယ်။နို့ဆီတင်သွင်းမှုကတော့ ယခင် အပတ်ကထက် ၃၇၁၇ ကာတွန်း (၇ဝ တန်) လျော့နည်း တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က နို့ဆီကို နို့စိမ်းထက် တင်သွင်းမှုပိုမိုခဲ့ပြီး ယခုအပတ်မှာ နို့စိမ်း က နို့ဆီထက် တင်သွင်းမှုပိုမိုခဲ့တာ ဖြစ်ပါတယ်။ ၂ဝ၁ဝ ပြည့်နှစ် ဧပြီလမှ ၂ဝ၁၁ ဇန်နဝါရီလကုန်ထိ နယ်စပ်မှ နို့ဆီနို့စိမ်း ၂၂၆၁၂၈ ကာတွန်း(၄၂၈၇ တန်) တင်သွင်းထားပြီး ဖြစ်ပါတယ်။ ယခု အပတ်အတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်နယ်စပ်ကုန်သွယ်ရေး စခန်းမှ ကန်ဒေါ်လာ ၆၈၃ဝဝ ကျော် တန်ဖိုးရှိ နို့မှုန့် ၂၄ တန် တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်က နယ်စပ်မှ နို့မှုန့် တင်သွင်းခဲ့ခြင်းမရှိခဲ့ပါဘူး။ ၂ဝ၁ဝ ပြည့် နှစ် ဧပြီလမှ ၂ဝ၁၁ ဇန်နဝါရီလကုန်ထိ နို့မှုန့် တန် ၇၈ဝ ခန့် တင်သွင်းထားပြီး ဖြစ်ပါတယ်။MIRT (DOBT) ုပြည်တွင်းနို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်လက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၇ဝဝ ၇၁၅ဒွန်း( နို့စိမ်း) ၆၇ဝ ၆၈၅ၤေူခသည နို့ဆီ ၆၃ဝ ၆၄၅မာရီဂိုး(နို့ဆီ) ၆၅ဝ ၆၆၅အိုကေနို့ဆီ ၆၇ဝ ၆၈၅MIRT (DOT)
Background