Main menu

Background

ပဲစင်းငုံဈေး ဆက်တိုက်ဆင်းလာ

Sun, 03/06/2011 - 07:50 -- Anonymous (not verified)

ပဲစင်းငုံဈေး ဆက်တိုက်ဆင်းလာ               အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်တွေမှာ ပဲစင်းငုံဈေးက ဆက်တိုက်ဆိုသလို ကျဆင်းလာပါတယ်။ ပဲအသစ်တွေ အဆက်မပြတ် ဝင်ရောက်နေပေမဲ့ ဝယ်လိုအားနည်းတာကြောင့် ဈေးကျဆင်းလာတာ ဖြစ်ပါ တယ်။ ပြည်တွင်းပဲအသစ်တွေ လှိုင်လှိုင်ဝင်နေတဲ့အပြင် မြန်မာပဲစင်းငုံ တွေလည်း ပုံမှန်ဝင်ရောက်နေလို့ ရောင်းအားနဲ့ ဝယ်လိုအားအကြား ကွာဟမှုများပြီး ယခုလို ပဲစင်းငုံဈေးကျဆင်းလာခြင်းဖြစ်တယ်လို့ သိရပါတယ်။ အိန္ဒိယမှာ ပဲစင်းငုံဈေး ကျဆင်းလာတာကြောင့် နိုင်ငံတကာ ဈေးကွက်မှာလည်း တစ်ပတ်အတွင်း တစ်တန်ကို ဒေါ်လာ ၃ဝခန့် လျော့ ကျလာခဲ့ပါတယ်။ ဒါပေမဲ့ ဝယ်လိုအားတိုးတက်လာတော့မှာဖြစ်လို့ ကာလ တိုအတွင်း ဈေးနှုန်းပြန်လည်ခိုင်မာနိုင်တယ်လို့ ကုန်သည်များက သုံးသပ် ကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေး နှုန်းတွေကို ဇယား(၄)နဲ့ ဖော်ပြထားပါတယ် ဇယား-၄                                                                                     ဒေါ်လာ/တန်  ဈေးကွက်                         ၃ .၃ .၁၁      ၁ .၃ .၁၁           ၂၈ .၂ .၁၁                 ၂၆ .၂ .၁၁မွန်ဘိုင်း(မြန်မာပဲစင်းငုံ)          ၈ဝ၆         ၈ဝ၉-၈၁၄         ၈၁၉-၈၂၄                    ၈၁၈ဒေလီ(မြန်မာပဲစင်းငုံ)              ၈ဝ၆              ၈၃၇               ၈၂၄                         ၈ဝ၇ချန်နိုင်း(မြန်မာပဲစင်းငုံ)            ၈ဝ၁              ၇၉၈              ၈၃ဝ                          ၈၁၈