ထိုင်းဘက်မှသာမက တရုတ်ဘက်မှပါတင်သွင်း ဒီလရဲ့ ပထမပတ်ဖြစ်တဲ့ မတ် ၇ ရက်တာကာလအတွင်း ဘိလပ်မြေ တန်ချိန် နှစ်သောင်းလေးထောင်ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၉၁၄ဝ၄၉ ဖိုး ကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာတော့ တရုတ်နိုင်ငံမှ ဘိလပ်မြေ ၅ဝ၁ ဒသမ ၅ တန်၊ ပါကစ္စတန်နိုင်ငံမှ ဘိလပ်မြေ ၈ဝ၉ ဒသမ ၆၅ တန်နဲ့ ထိုင်းနိုင်ငံမှ ဆင်တံဆိပ်ဘိလပ်မြေနဲ့ ွှTPI တံဆိပ်ဘိလပ်မြေ ၂၂၇ဝဝ တန် အသီးသီးတင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ် ဘိလပ်မြေတင်သွင်းမှုက တန်ချိန် ငါးသောင်းငါးထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ ယှဉ်ရင် တန်ချိန် ထက်ဝက်ကျော်လောက်လျော့နည်းခဲ့တာ တွေ့ရပါတယ်။ ဒီတစ်ပတ်မှာတော့ ပုံမှန်တင်သွင်းနေကြဖြစ်တဲ့ ထိုင်းနိုင်ငံဘက်မှသာမကဘဲ တရုတ်နဲ့ ပါကစ္စတန်ဘက်မှပါ တင်သွင်းလာတာ တွေ့ရပါတယ်။ MIRT (DOT) နယ်စပ်မှ ဘိလပ်မြေ တန် ၈ဝဝဝ ကျော် တင်ပို့ မတ်လ ၂ရက်မှ ၈ရက်ထိကာလအတွင်းမှာ နယ်စပ်စခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ၉၇၃ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၈ဝ၆ဝ တန် တင်ပို့နိုင်ခဲ့ပါတယ်။နယ်စပ်စခန်းအလိုက် ဘိလပ်မြေတင်သွင်းမှုတွေကတော့ မူဆယ်မှ တန် ၃၄ဝ၊ လွယ်ဂျယ်မှ တန် ၇ဝဝ၊ ကန်ပိုက်တီးမှ ၅၅၄၅ တန်နဲ့ တာချီလိတ်မှာ ၁၄၇၅ တန် အသီးသီး တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က ၆၂၅၈ တန်တင်သွင်းခဲ့တဲ့အတွက် ယခင် အပတ်ကထက် တန် ၁၇၇၅ တန် နယ်စပ်မှ တင်သွင်းမှုပိုမိုခဲ့တာ ဖြစ်ပါတယ်။ တာချီလိတ်နယ်စပ်မှ ယခင်အပတ်ကထက် တင်သွင်းမှုလျော့နည်းခဲ့ပြီး မူဆယ်၊ လွယ်ဂျယ်နဲ့ ကန်ပိုက်တီးစခန်းများကတော့ ယခင်အပတ်ကထက် တင်သွင်းမှုပိုမိုခဲ့ ပါတယ်။ မူဆယ်နယ်စပ်မှတင်သွင်းတဲ့ ဘိလပ်မြေတံဆိပ်များမှာ ဆင်၊ ကမ္ဘာလုံးနဲ့ သိန်းငှက်၊ လွယ်ဂျယ်မှ Xi Lin Po ၊ တာချီလိတ်မှ ကျားနဲ့ ငှက်တံဆိပ်များ ဖြစ်ပါတယ်။MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅၁ဝဝ(လက်ကား) ဘိလပ်မြေ (စိန်) ၅ဝဝဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၉ဝဝ ဘိလပ်မြေ (AAA) ၅၃ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅၂ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၉ဝဝ ဘိလပ်မြေ(ဆင်မင်း) ၅၁ဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၂ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၂ဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၂ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၇ဝဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၂ဝဝ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၆၆ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၉၂ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၆၂ဝဝ ဘိလပ်မြေ(မြို့တော်) ၆၂ဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၇၅ဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၄၄၅ဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၄ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၇ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၈ဝဝ ဘိလပ်မြေ(ဆင်)မြန်မာ ၆၅ဝဝ ဘိလပ်မြေ(ဆင်မင်း)ကျောက်ဆည် ၅၈ဝဝMIRT (MAPT)
Background