ဒွန်းနဲ့ အိုကေသာ သွင်းခဲ့ ယခုသီတင်းပတ်ဖြစ်တဲ့ မတ်လ ၁ ရက်မှ ၇ ရက်တာကာလအတွင်း နို့ဆီ တန်ချိန် ၃၅၃ ဒသမ ၆၈ တန် ၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၃ဝ၉၉၂၈ ဖိုးကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့ ပါတယ်။ ဒီသီတင်းပတ်မှာ ဒွန်းနို့ဆီ ၇၄ ဒသမ ၁၈ တန်နဲ့ အိုကေနို့ဆီ ၂၇၉ ဒသမ ၅ဝ တန် တင်သွင်းခဲ့တာပါ။ ယခင်သီတင်းပတ် နို့ဆီအဝင်တန်ချိန် မှာ ၁၂၉ တန်သာ ရှိခဲ့တာကြောင့် ဒီတစ်ပတ်အဝင် နှစ်ဆကျော်လောက် ပိုမိုတင်သွင်းခဲ့တာ တွေ့ရပါတယ်။ နို့မှုန့်အဝင်က ၂ ဒသမ ၈၉ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄၁၄၂၂ ဒသမ ၅ ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာတင်သွင်းနေကြ နယူးဇီလန် ဘက်မှမဟုတ်ဘဲ စင်ကာပူနိုင်ငံမှ မှာယူ တင်သွင်းခဲ့တာ တွေ့ရပါတယ်။ MIRT (DOT) နယ်စပ်မှ နို့ဆီ၊ နို့စိမ်းတင်သွင်းမှုလျော့ မတ်လ ၂ ရက်မှ ၈ ရက်ထိ ကာလ အတွင်းမှာ ကော့သောင်းနယ်စပ်မှ နို့ဆီ ၁၃ ဒသမ ၇၂၇ တန် (၇ဝဝ ကာတွန်း) ကန်ဒေါ်လာ ၁၁၂ဝဝဝ ဖိုးနဲ့ နို့စိမ်း ၃ဝ ဒသမ ၃၃၆ တန် (၁၆ဝဝ ကာတွန်း) ကန်ဒေါ်လာ ၂၇၂ဝဝ ဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ယခင်အပတ်က ထက် နို့ဆီ ၇၈ တန်၊ နို့စိမ်း တန် ၂၄ဝ တင်သွင်းမှု လျော့နည်းခဲ့ပါတယ်။နယ် စပ်မှ ယခုအပတ်မှာ နို့မှုန့် တင်သွင်းမှု မရှိဘူးလို့ သိရပါတယ်။ MIRT (DOBT) ်ပြည်တွင်း နို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် လက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေး ဒွန်း( နို့ဆီ ) ၈ဝဝ ၈၁၅ ဒွန်း( နို့စိမ်း) ၇၂ဝ ၇၃၅ Falcon နို့ဆီ ၆၅ဝ ၆၆၅ Happy Cow ၆၇ဝ ၆၈၅ မာရီဂိုး(နို့ဆီ) ၇ဝဝ ၇၁၅ အိုကေနို့ဆီ ၇ဝဝ ၇၁၅ MIRT (DOT)
Background