ပဲစင်းငုံဈေးပြန်မာလာ အိန္ဒိယပြည်တွင်းပဲစင်းငုံ လက်ငင်းဈေးကွက်တွေမှာ သီတင်းပတ် အစပိုင်းမှာ ဈေးအေးနေခဲ့ရာက သီတင်းပတ်နှောင်းပိုင်းမှာတော့ ပဲအဝင်လျော့လာလို့ ဈေးပြန်မာလာခဲ့ပါတယ်။ မဟာရပ်ရှတရာမှာ ပဲစင်းငုံ အဝင်ကျဆင်းပေမဲ့ ဝယ်လိုအားနည်းနေဆဲမို့ ဈေးအတက် ဘက်ကို လှည့်မလာသေးဘူးလို့သိရပါတယ်။ မတ်လ ၈ ရက်နဲ့ ၉ရက် နေ့တွေက မွန်ဘိုင်းဆိပ်ကမ်းကို ပဲစင်းငုံကွန်တိန်နာ ၆ဝ လုံး ဝန်း ကျင်ရောက်ရှိလာခဲ့တာမို့ ကာလတိုအတွင်း ပဲရရှိနိုင်မှုများပြီး ဈေး ထပ်ကျနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ မဟာရပ်ရှ်တရာအစိုးရက အများပြည်သူဖြန့်ဝေရေးစနစ် (PDS) နဲ့ ဆင်းရဲသားမိသားစုတွေကို ပဲစင်းငုံခွဲခြမ်း ဖြန့်ဝေတဲ့ အစီအစဉ်ကို ရပ်တန့်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ပုံမှန်အရောင်းရှိနေတာကြောင့် ပြည်တွင်းဈေးက အကျဘက်ကို ဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား(၄)နဲ့ ဖော်ပြထားပါတယ် ဇယား-၄ ဒေါ်လာ/တန်ဈေးကွက် ၁ဝ .၃ .၁၁ ၉ .၃ .၁၁ ၈ .၃ .၁၁ ၇ .၃ .၁၁မွန်ဘိုင်း(မြန်မာပဲစင်းငုံ) ၇၉၈ ၇၇၇ ၇၈၈ ၇၉၈ဒေလီ(မြန်မာပဲစင်းငုံ) ၇၈၇ ၇၈၉ ၇၈၃ ၇၉၂ချန်နိုင်း(မြန်မာပဲစင်းငုံ) ၇၇၆ ၈၂၂ ၈၂၂ ၇၉၈
Background