ပဲတီစိမ်းဈေး တည်ငြိမ်လျက်ရှိ အိန္ဒိယပြည်တွင်း ပဲတီစိမ်းဈေးက ယခုတစ်ပတ်မှာလည်း ဝယ်လိုအားနည်းတာကြောင့် ဆက်လက်တည်ငြိမ်နေပါတယ်။ ဘီကနာဈေးကွက်မှ ပြောကြားချက်အရ ပဲအသစ်ဝင်ရောက်ချိန်ထိ လက်ကျန်က ဝယ်လိုအားကို ဖြည့်ဆည်းနိုင်မယ်လို့ ဆိုပါတယ်။ အကယ်လို့ နိုင်ငံတကာဈေး ထပ်မံကျဆင်းမယ်ဆိုရင် မြန်မာနိုင်ငံက ်ပဲတီစိမ်း တင်ပို့လာနိုင်တာကြောင့် ရောင်းအားပိုများမယ်လို့ ခန့်မှန်း ကြပါတယ်။ ဒေစီပဲတီစိမ်းကို ဝယ်လိုအား ထပ်မံကျဆင်းနိုင်တယ်လို့ ဈေးကွက်က သုံးသပ်ကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ် အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃)နဲ့ ဖော်ပြ လိုက်ပါတယ် ဇယား-၃ ဒေါ်လာ/တန် ဈေးကွက် ၁၇ .၃ .၁၁ ၁၆ .၃ .၁၁ ၁၅ .၃ .၁၁ ၁၄ .၃ .၁၁ဒေလီ ၁၂၈၅ ၁၂၈၄ ၁၂၈၁ ၁၂၈၅အင်ဒိုရီ ၁၁၇၄ ၁၁၅၁ ၁၁၄၉ ၁၁၅၂ကန်ပါ ၉၄၁ ၇၇၅-၉၃ဝ ၇၇၃-၉၂၈ ၉၅၂
Background