Main menu

Background

ပဲစင်းငုံဈေး အကျဘက်ပြန်ဆင်းလာ

Sun, 03/20/2011 - 06:48 -- Anonymous (not verified)

ပဲစင်းငုံဈေး အကျဘက်ပြန်ဆင်းလာ                    အိန္ဒိယ ပြည်တွင်းဈေးကွက်တွေမှာ ယခင်သီတင်းပတ်က ပဲစင်းငုံဈေးခိုင်မာရာမှ ယခုတစ်ပတ်မှာတော့ အကျဘက်ပြန်ဆင်း လာတာ တွေ့ရပါတယ်။ လွန်ခဲ့တဲ့ရက်များတွင်း ဝယ်လိုအား ထိုင်း တာကြောင့် ပြည်တွင်းဈေး သိသိသာသာကျဆင်းခဲ့ပေမဲ့ နိုင်ငံတကာ ဈေးမှာ အမြင့်မှာပဲရှိနေကြောင်း သိရပါတယ်။ အိန္ဒိယပဲတင်သွင်းသူ များကတော့ လက်ရှိအမြင့်ဈေးနဲ့ ဝယ်ယူစုံစမ်းမှုနည်းတယ်လို့ သိရပါတယ်။ ဈေးကွက်တွေကို ပုံမှန်ဝင်ရောက်မှုရှိနေတာကြောင့် ကာလ တိုအတွင်း ပဲစင်းငုံဈေး အလျော့နဲ့ အရောင်းအဝယ်ဖြစ်နိုင်တယ်လို့ ဈေးကွက်က ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား(၄)နဲ့ဖော်ပြထားပါတယ် ဇယား-၄                                                                                 ဒေါ်လာ/တန်  ဈေးကွက်                      ၁၇ .၃ .၁၁          ၁၆ .၃ .၁၁           ၁၅ .၃ .၁၁               ၁၄ .၃ .၁၁မွန်ဘိုင်း(မြန်မာပဲစင်းငုံ)     ၇၈၆                ၇၉၁-၇၉၇             ၇၉၅-၈ဝ၁                   ၈၁၉ဒေလီ(မြန်မာပဲစင်းငုံ)         ၇၈၆                  ၇၈၆                        ၇၉၅                     ၈၁၄ချန်နိုင်း(မြန်မာပဲစင်းငုံ)      ၈၄၂                   ၇၇၅                        ၈၃ဝ                    ၇၉၇