Main menu

Background

ပြည်တွင်း နို့ဆီလက်လီဈေးများ

Wed, 03/30/2011 - 06:23 -- Anonymous (not verified)

ဒွန်းတံဆိပ် နို့ဆီသာအဝင်ရှိခဲ့                 မတ်လ ၁၅ ရက်မှ ၂၁ ရက်တာ ကာလအတွင်း နို့ဆီတန်ချိန် ၂၅၈ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၆၄ဝ၁၁ ဖိုးကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံ က စင်ကာပူနိုင်ငံမှ ဒွန်းတံဆိပ် နို့ဆီ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် နို့ဆီတင်သွင်းမှုက တန်ချိန် ၃၂၃ တန် ရှိခဲ့တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် တန်ချိန် ခြောက်ဆယ်ကျော်လောက် လျော့နည်းပြီး တင်သွင်းလာတာ တွေ့ရပါ တယ်။ နို့စိမ်းက ဒီတစ်ပတ်မှာလည်း အဝင်မရှိခဲ့ပါဘူး။ နို့မှုန့်ကတော့ နယူးဇီလန်နဲ့ အင်ဒို နီးရှားနိုင်ငံတို့မှ နို့မှုန့်တန်ချိန် ၈ ဒသမ ၈၆ တန် တင်သွင်းခဲ့တာတွေ့ရပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်မှာ တန်ချိန် တစ်ရာ ကျော်တင်သွင်းခဲ့တာကြောင့် ဒီတစ် ပတ်အဝင်နဲ့ယှဉ်ရင် တော်တော်လေး လျော့နည်းပြီး တင်သွင်းလာတာ တွေ့ရ ပါတယ်။ MIRT(DOT) နို့စိမ်း အဝင်ပို                 ထိုင်းနယ်စပ်ရှိ ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းမှ မတ်လ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်း နို့ဆီ ၂၆ ဒသမ ၅၄ တန် (၁၄ဝဝ ကာတွန်း) ကန်ဒေါ်လာ ၂၂၄ဝဝ နဲ့ နို့စိမ်း ၂၂ ဒသမ ၇၅ တန် (၁၂ဝဝကာတွန်း) ကန် ဒေါ်လာ ၂ဝ၄ဝဝ ဖိုး တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က နို့ဆီ ၁ဝ၆ တန်ကျော် (၅၆ဝဝ ကာတွန်း) တင်သွင်း ခဲ့သော်လည်း နို့စိမ်းတင်သွင်းမှု မရှိခဲ့ပါဘူး။ ယခုသီတင်းပတ်မှာ နို့စိမ်းတင် သွင်းမှုပိုမိုခဲ့ပြီး နို့ဆီတင်သွင်းမှု တန် ၈ဝ လျော့နည်းခဲ့ပါတယ်။ ကော့သောင်း ဘက်မှာ နို့ဆီ ၁ကာတွန်း ကျပ် ၂၈ဝဝဝ တစ်ဖက်နိုင်ငံ ပေါက်ဈေး ဘတ် ၅၅ဝ နဲ့ နို့စိမ်း ၁ ကာတွန်း ကော့သောင်းမှာ ၂၈၅ဝဝ ကျပ်နဲ့ တစ်ဖက်နိုင်ငံမှာ ဘတ် ၅၈ဝ ဈေးပေါက်လျက်ရှိပါတယ်။ မတ်လ ပထမနှင့် ဒုတိယပတ်များ မှာ တင်သွင်းမှုမရှိခဲ့ပေမဲ့ ယခုအပတ်မှာ တော့ မူဆယ်မှ ကန်ဒေါ်လာ ဝ ဒသမ ၂ သန်းတန်ဖိုးရှိ လိပ်ပြာနှစ်ကောင် တံဆိပ် (ဂရမ် ၂ဝx၂၅ ထုတ်) နို့မှုန် ၄ဝဝ ဂရမ်နဲ့ ၅ဝဝ ဂရမ်ထုတ်များ ၇၂ တန်တင်သွင်းမှုရှိခဲ့ပါတယ်။ MIRT(DOBT) ပြည်တွင်း နို့ဆီလက်လီဈေးများ                    နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် လက်လီဈေး               ကျပ်/တစ်ဘူး                          ရန်ကုန် မန္တလေးဒွန်း( နို့ဆီ )               ၈၂ဝ ၈၃၅ဒွန်း( နို့စိမ်း)             ၇၅ဝ ၇၆၅Falcon နို့ဆီ             ၆၈ဝ ၆၉၅Happy Cow            ၇ဝဝ ၇၁၅မာရီဂိုး(နို့ဆီ)           ၇၂ဝ ၇၃၅အိုကေနို့ဆီ             ၇ဝဝ ၇၁၅MIRT (DOT)