Main menu

Background

ပဲပုပ်ဆီဈေးအနည်းငယ်မြင့်လာပြီး အဝယ်ပုံမှန်ရှိလို့ စားအုန်းဆီကြမ်းဈေး အမြင့်နဲ့ပိတ်

Sun, 04/03/2011 - 07:08 -- Anonymous (not verified)

ပဲပုပ်ဆီဈေးအနည်းငယ်မြင့်လာပြီး အဝယ်ပုံမှန်ရှိလို့ စားအုန်းဆီကြမ်းဈေး အမြင့်နဲ့ပိတ်                   ချီကာကို ပဲပုပ်ဆီဈေးအနည်းငယ်မြင့်လာပြီး ဝယ်လိုအားပုံမှန်ရှိတဲ့ အလား အလာကြောင့် မတ်လ ၃ဝ ရက် မလေးရှားကုန်စည်ဒိုင်မှာ စားအုန်းဆီကြမ်း ကြိုပွိုင့်ဈေးမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ မလေးရှား ဘာဆာကုန်စည်ဒိုင်မှာ ဇွန်လစာချုပ်ဈေးက တစ်တန်ကို ရင်းဂစ် ၆ဝ (ကန်ဒေါ်လာ ၁၉ ဒသမ ၈) မြင့်တက်ပြီး ရင်းဂစ် ၃၃၁၅ (ကန်ဒေါ်လာ ၁ဝ၉၄) ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မတ်လ စားအုန်းဆီ တင်ပို့မှုဟာ တန်ချိန် ၁ ဒသမ ဝ၉ သန်းနဲ့ ၁ ဒသမ ၁၁ သန်း အတွင်းရှိတယ်လို့ ကွာလမ်လာပူမှ ကုန်သည်တစ်ဦးက ဆိုပါတယ်။ မတ်လ တင်ပို့မှုက ဖေဖော်ဝါရီလတင်ပို့မှု ပမာဏနဲ့ ကွာခြားမှုမရှိပေမဲ့ ဝယ်လိုအားတိုးတက်လာဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။ ချီကာကိုမှာ မေလပဲပုပ် ဆီဈေးက တစ်ပေါင်ကို ၅၇ ဒသမ ၁၈ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၁၂၅၈) ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ လေ့လာဆန်းစစ်သူများက ဒုတိယနှစ်ဝက် အတွင်း ထုတ်လုပ်မှု တိုးတက်ဖွယ်ရှိလို့ စားအုန်းဆီဈေး ထပ်မံကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ မလေးရှားနိုင်ငံဟာ ၂ နှစ်ဆက်တိုက် စားအုန်းဆီထုတ်လုပ်မှု ကျဆင်းခဲ့ရာမှ ယခုတစ်နှစ်လုံးမှာ တန်ချိန် ၁၈ သန်းဝန်းကျင်ကို မြင့်တက်ဖွယ် ရှိတယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့လည်း မလေးရှားအခြေစိုက် Intercontinental Specialty Fats Sdm. Bhd မှ  အမှုဆောင်အရာရှိ Tsutomy Usui  ခန့်မှန်းပြောကြားတာတော့ ထုတ်လုပ်မှု မြင့်တက်ပေမဲ့ ဝယ်လိုအားတက်နေတာ ကြောင့် စားအုန်းဆီ တစ်တန်ရင်းဂစ် ၂၈ဝဝ (ကန်ဒေါ်လာ ၉၂၅) ကိုကျဆင်းနိုင် ဖွယ်မရှိဘူးလို့ ဆိုပါတယ်။                    စားအုန်းဆီက ဈေးသက်သာပြီး ကျယ်ကျယ်ပြန့်ပြန့်ရရှိနိုင်ခြင်း၊ အခြားထုတ်ကုန်မျိုးစုံ အသုံးပြု ထုတ်လုပ်နိုင် ခြင်းတို့ကြောင့် ဝယ်လိုအား ဆက်လက် တိုးတက်နေအုံးမယ်လို့ ဆိုပါတယ်။ လက်ငင်းဈေးကွက်မှာ ဧပြီလအတွင်း စားအုန်း ဆီ (Palm Olein )ဈေးဟာ တစ်တန်ကို ကန်ဒေါ်လာ ၁၁၆၅ မှ ၁၁၇၅ ဈေးဖြစ်ပြီး ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်းဈေးက ရင်းဂစ် ၃ဝ မြင့်တက်ပြီး တစ်တန်ကို ရင်းဂစ် ၃၃၈ဝ (ကန်ဒေါ်လာ ၁၁၁၆) ဈေးဖြစ်ခဲ့တယ် လို့ သိရပါတယ်။ ယုဇန၊Soucce: palmoilhq .com