ကုလားပဲဈေး လျော့ကျနေ အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်များအတွင်း ယခုတစ်ပတ် ကုလားပဲဈေး လျော့ကျနေပါတယ်။ ရာသီဥတု ပူနွေးခြောက်သွေ့ နေတာကြောင့် ရိတ်သိမ်းဖို့ အခြေအနေကောင်းနေတဲ့အတွက် ဈေးကွက်မှာ ပဲဝင်ရောက်မှု တိုးတက်နေပါတယ်။ ရာဂျက်စသန်မှာ ယခုနှစ် ပဲအထွက်ကောင်းဖွယ်ရှိပေမဲ့ နိုင်ငံအလယ်ပိုင်းမှာ အထွက် ကျဆင်းမှာဖြစ်လို့ နိုင်ငံအနောက်မြောက်ပိုင်းက ထုတ်လုပ်မှုပိုမိုခြင်း က တချို့ကို ကာမိစေနိုင်ပါတယ်။ မြောက်ပိုင်းပြည်နယ်မှာ အထွက် ကောင်းပြီး ရိတ်သိမ်းနေပြီဖြစ်လို့ ယခုတစ်ပတ်အတွင်း ဈေးနှုန်းကျ ဆင်းမှုကို ဖိအားဖြစ်စေနိုင်ပေမဲ့ လှောင်လက်များက အနိမ့်ဈေးမှာဝယ်လိုအား ကောင်းနိုင်ခြင်းက ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေ နိုင်ပါတယ်။ ဈေးကွက်တွေမှာတစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲ ဖြူလုံးကြီးဈေးတွေကို ဇယား(၂) နဲ့ ဖော်ပြထားပါတယ် ဇယား-၂ ဒေါ်လာ/တန် ဈေးကွက် ၃၁ .၃ .၁၁ ၃ဝ .၃ .၁၁ ၂၈ .၃ .၁၁ ၂၆ .၃ .၁၁မွန်ဘိုင်း ၅၁ဝ ၅ဝ၃ ၅ဝ၈-၅၁၄ ၅၁၅ဒေလီ ၅၁၅-၅၂၁ ၅၁၄-၅၁၉ ၅၂၅-၅၃ဝ ၅၃၇-၅၄၃ကန်ပါ ၅၄၃ ၅၄၂ ၅၄၅ ၅၄၅
Background