Main menu

Background

ဂျပန်နျူကလီးယားပြဿနာကြောင့် အိန္ဒိယကုန်သွယ်မှု အနည်းငယ်သာထိခိုက် အိနိ

Sun, 04/03/2011 - 10:02 -- Anonymous (not verified)

ဂျပန်နျူကလီးယားပြဿနာကြောင့် အိန္ဒိယကုန်သွယ်မှု အနည်းငယ်သာထိခိုက်                   အိန္ဒိယနိုင်ငံရဲ့ အဓိကပို့ကုန်များဖြစ်တဲ့ ပင်လယ်စာ၊ သီဟိုဠ်၊ အုန်းဆံထုတ်ကုန်နဲ့ ဟင်းခတ်အမွေးအကြိုင်ရဲ့ ၂ ရာခိုင်နှုန်းခန့်သာ ဂျပန်ရဲ့ဈေးကွက်ရှိတာကြောင့် ယခုကြုံတွေ့နေရတဲ့ ဂျပန်နိုင်ငံရဲ့ နျူကလီးယားပြဿာနာက အိန္ဒိယရဲ့ ကုန်သွယ်မှုကို အနည်းအကျဉ်းသာ သက်ရောက်မှုရှိစေတယ်လို့ ရင်းနှီးမြှုပ်နံှမှုအကြံပေးDr. V. K Vijayakumar  က ပြောကြားပါတယ်။ ဒါပေမဲ့ ယင်းကုန်စည်များအဓိကတင်ပို့နေတဲ့ ကီရာလာကတော့ ဝင်ငွေရရှိမှု ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။                  ၂ဝ၁၁ ဒုတိယနှစ်ဝက်မှာတော့ ဂျပန်နိုင်ငံအနေနဲ့ ပြန်လည်တည်ဆောက်မှုတွေ လုပ်နေလို့ တိုးတက်တဲ့ အခွင့်အလမ်းတွေ ရရှိနိုင်ပါတယ်လို့လည်း ၎င်းက ဆက်လက်ပြောကြားပါတယ်။ ဂျပန်နိုင်ငံဟာ အိန္ဒိယနိုင်ငံမှာ ပြည်ပရင်းနှီးမြှုပ်နံှမှု ဆဌမမြောက်အများဆုံးဖြစ်ပြီး ၂ဝဝဝ-၂ဝ၁ဝ အတွင်း ကန်ဒေါ်လာ ၂၂ ဘီလီယံ ရင်းနှီးမြှုပ်နံှ ထားတယ်လို့ ဆိုပါတယ်။                  ဂျပန်နိုင်ငံအကျပ်အတည်းကြောင့် ကမ္ဘာ့ရောင်းချမှု ကွင်းဆက်တစ်လျှောက် အဟန့်အတားဖြစ်စေခဲ့ပေမဲ့ ဂျပန်ကုမ္ပဏီများ ရောင်းချဖြန့်ဖြူးမှု လစ်ဟာသွားတဲ့ နေရာများမှာ အခြားကုမ္ပဏီများ နေရာယူဖို့ အခွင့်အလမ်းတွေ ရရှိနိုင်ပါတယ်လို့လည်းဆိုပါတယ်။ ယခုနှစ် ဂျပန်နိုင်ငံရဲ့ G D P  မှာ ဝ ဒသမ ၅ ရာခိုင်နှုန်းခန့် လျော့ကျနိုင်တယ်လို့ ဆိုပါ တယ်။ ဂျပန်နိုင်ငံက ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် ကန်ဒေါ်လာ ၁၂၃ မှ ၂၃၅ ဘီလီယံအထိ ကုန်ကျနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။ အဲဒီအသုံးပြုငွေများက ဂျပန်စီးပွားရေးဆုံးရှုံးမှုကို ဖြစ်စေတယ် လို့လည်း ဆိုပါတယ်။ လဝန်း၊Source: business line