အာရေးဘီးယားပင်လယ်ပြင်မှာ အီတလီသင်္ဘော အပိုင်းစီးခံရ သင်္ဘောသားအဖွဲ့ဝင် ၂၂ ဦးပါဝင်တဲ့ အီတလီ သင်္ဘော တစ်စင်းဟာ ဧပြီ ၂၁ ရက်နေ့ မနက်ပိုင်းက ပင်လယ်ဓားပြတွေရဲ့ ဖမ်းဆီးတာကိုခံခဲ့ရပါတယ်လို့ အီတလီသတင်းဌာနဖြစ်တဲ့ အန်ဆာက သတင်းထုတ်ပြန်ပါ တယ်။အပိုင်းစီးခံရတဲ့အချိန်ဟာ အီတလီစံတော်ချိန် မနက် ၄ နာရီ(ဂရင်းနစ်စံတော်ချိန် ဝ၂ ဝဝ နာရီ)ဝန်းကျင် ဖြစ်ပါတယ်။ အီတလီသင်္ဘော ရိုဆာလီယာဒီအာမာတိုဟာ ဘရာဇီးကနေ အီရန်သို့ ဦးတည်ခုတ်မောင်းနေစဉ် ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။ Source:Xinhua
Background