စင်ကာပူမှ ပထမဆုံးထုတ်လုပ်တဲ့ ဂြိုဟ်တုကို အိန္ဒိယမှလွှတ်တင် စင်ကာပူတွင် ပထမဆုံးအကြိမ် ထုတ်လုပ်တဲ့ ဂြိုဟ်တုကို အိန္ဒိယနိုင်ငံရှိ အာကာသစခန်းမှ တရားဝင် စတင်လွှတ်တင်ခဲ့ပါတယ်။ လေးနှစ်ကြာနှောင့်နှေးကြန့်ကြာမှုရှိခဲ့ရာမှ ပထမအကြိမ်အဖြစ်ထုတ်လွှတ်ခဲ့တာ ဖြစ် တယ်လို့ စင်ကာပူ Straits Times သတင်းစာမှာဧပြီ ၂၁ ရက်ကဖေါ်ပြထားပါတယ်။ဂြိုလ်တုကနေ ဓါတ်ပုံများ ရိုက်ယူပြီး ကမ္ဘာပေါ်မှာမြေဆီလွှာတိုက်စားမှုနဲ့သဘာဝ ပတ်ဝန်းကျင်ပြောင်းလဲမှုတွေကို တိုင်းတာ သွားမယ်လို့ ဆိုပါတယ်။ Source:Xinhua
Background