Main menu

Background

မန္တလေးဈေးကွက်သို့ မိုးကြိုပဲတီစိမ်း ဝင်ရောက်လာ

Thu, 05/26/2011 - 08:46 -- Anonymous (not verified)

မန္တလေးဈေးကွက်သို့ မိုးကြိုပဲတီစိမ်း ဝင်ရောက်လာ             မေလပထမပတ်အတွင်းမှာ မန္တလေးဈေးကွက်ကို မတ္တရာကမိုးကြိုပဲတီစိမ်းများ စတင်ဝင် ရောက်နေကြောင်း သိရှိရပါတယ်။ နေ့စဉ်အိတ် ၅ဝ ဝန်းကျင် ဝင်နေတယ်လို့သိရပြီး မေလနောက် ဆုံးပတ်လောက်မှာ အဝင်လှိုင်မယ်လို့ ဆိုပါတယ်။ တရုတ်ဈေးကွက် တင်ပို့မှုအနေနဲ့ ၂ဝ၁၁ ဖေဖော်ဝါရီမှာ တန် ၈ဝဝဝ ဝန်းကျင်၊ မတ်လမှာ တန် ၂၆ဝဝ ကျော် တင်ပို့ခဲ့ကြောင်း တွေ့ရပြီး ဧပြီလမှာတော့ တန် ၃၃ဝဝ ခန့် တင်နိုင်ခဲ့ပါတယ်။              သြင်္ကန်မတိုင်ခင်နဲ့ သြင်္ကန်ပြီးကာလများမှာ တင်ပို့မှုအရှိန်လျော့လာလို့ ဈေးကွက်အေး၊ ဈေးအေးနေခဲ့ရာမှ မေလပထမပတ်အတွင်းမှာ တရုတ်ဈေးကွက် အဝယ်ပြန်လိုက်လာတာရယ်၊ ရေသွင်းပဲတီစိမ်းသစ်များလည်း ဝင်လာခဲ့တာကြောင့် ဈေးပြန်မာလာပါတယ်။ ဈေးကွက်မှာဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းတစ်ပိဿာ ပေါက်ဈေးမှာ ယခုတစ်ပတ်ပေါက်ဈေးအညံ့စ ၉၇၈ ကျပ်၊ အသစ် ၁၂၄၄ ကျပ်၊ ယခင်တစ်ပတ် ၉၇၈ ကျပ်၊ ၁ဝ၃၁ ကျပ် နဲ့အရင်လကာလတူပေါက်ဈေး ၁၃၃၃ ကျပ်၊ ၁၂၄၄ ကျပ် ဖြစ်ပါတယ်။                                         သက်သက်နိုင်