Main menu

Background

ပခုက္ကူ ကုလားပဲဈေးကွက် ရှုခင်း

Thu, 05/26/2011 - 08:55 -- Anonymous (not verified)

ပခုက္ကူ ကုလားပဲဈေးကွက် ရှုခင်း           ပခုက္ကူ၊ ရေစကြိုတစ်ဝိုက် စိုက်ပျိုးထွက်ရှိတဲ့ ကုလားပဲဖြူလုံးကြီးတွေ ဈေးခိုင်မာမှုရှိတာကြောင့် ဈေးကွက်မှာ အရောင်းအဝယ် အတော်အသင့်ဖြစ်ကြပါတယ်။ ပြည်ပဝယ်လက်၊ ပြည်တွင်းလှောင်လက်နဲ့ ပဲခွဲစက်ဝယ်လက်များကြောင့် ယနေ့တစ်တင်းကို ကျပ် ၁၉၂ဝဝ ပေါက်ပါတယ်။ နယ်တွေမှာ သိပ်မကျန် တော့ဘူးလို့ သိရပါတယ်။             ပဲပွဲရုံမှာ စေ့စေ့ပေါက်ပေါက်ဝင်ကြည့်မှ V2 လို အလုံးမပြောင်ဘဲ အလုံးထွားပြီး အတွန့်အရှုံ့ တွေများတဲ့ V6 ၊ V7 ၊ အလုံးကြီးပေမဲ့ အတွန့်အရှုံ့မရှိဘဲ ပြောင်ချောတဲ့ V3 တွေကိုလည်း V2  ပေါက်ဈေးထက် ကျပ် ၃ဝဝ ပိုတဲ့ ဈေးနဲ့တွေ့ရပါတယ်။ ကုလားပဲချင်းအတူတူ ပြည်တွင်းမှာ ပိုအစားများတဲ့ ဟော်လန်ကုလားပဲ ဝါကြီးကတော့ တစ်တင်းကို ကျပ် ၁၅၆ဝဝ မှာ အိပ်နေတုန်းပါပဲ။             မောင်မောင်အေး